Garena Free Fire ဟာ လာမယ့် ဒီဇင်ဘာလ ၇ရက်နေ့ ၂၀၂၀ခုနှစ်မှာ ကမ္ဘာကျော် ကြယ်တစ်ပွင့်နဲ့အတူ အကျိူးတူ ပူးပေါင်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပူးပေါင်းမှုကိုတော့ Operation Chrono ဆိုပြီး အမည်ပေးထားတယ်လို့ ဆိုပါတယ်။

Operation Chrono ဟာ နှစ်လိုဖွယ်ရာ မကောင်းတဲ့ အနာဂါတ်ရဲ့ ကမ္ဘာပျက်ကြီးမှာ အခြေခံထားတာ ဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာပျက်ကြီးမှာ ခေတ်ရှေ့အပြေးဆုံး နည်းပညာတွေလည်း ရှိနေဦးမယ်လို့ သိရပါတယ်။ ဒီလိုမျိူး အပျက်အစီးတွေနဲ့အတူ ခေတ်ရှေ့ပြေး နည်းပညာတွေရှိနေတဲ့ ကမ္ဘာပျက်ကြီးမှာ လူတွေအားလုံး လေးစားအားထားရမယ့် လူစွမ်းကောင်းတစ်ယောက်အတွက် နေရာ တစ်နေရာ ရှိနေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ Garena Free Fire ရဲ့ Operation Chrono နဲ့ ပတ်သက်ပြီး ဒီလောက်ပဲ ကြားသိရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီအကျိူးတူ ပူးပေါင်းမှုဟာ ၂၀၂၀ခုနှစ် မိုလ်ဘိုင်း Gaming လောကအတွက် စိတ်လှုပ်ရှားဖို့ အကောင်းဆုံးနဲ့ လူပြောအများဆုံး ပူးပေါင်းမှု တစ်ခု ဖြစ်လာမယ်လို့ ဆိုနေကြပါတယ်။

Operation Chrono နဲ့ ပတ်သက်တဲ့ နောက်ထပ် သဲလွန်စတွေကိုတော့ လာမယ့်ရက် အနည်းငယ်အတွင်းမှာ Garena Free Fire မြန်မာပေ့ချ် (LINK) ကနေ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

ဂိမ်းဒေါင်းလုဒ်ရန် : https://bit.ly/3lotBko

Official Page : https://www.facebook.com/garenafreefiremm