Samsung ကနေယခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Flagship ဖုန်းတွေကို ကြည့်လိုက်မယ်ဆိုရင် အများစုက Curved Display တွေကို အသုံးပြုထားတာက ထူးခြားချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ Samsung ရဲ့ Flagship Series ဖုန်းတွေဟာ တဖြည်းဖြည်းနဲ့ ပုံမှန် Flat Display တွေကို ပြန်လည်အသုံးပြုနေပြီဖြစ်ပါတယ်။

အထူးသဖြင့် မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S23 Ultra ဖုန်းဆိုရင်လည်း Curved Display ဖြစ်ပေမယ့် ကျန်တဲ့ S22 Series ဖုန်းတွေက သာမန် Flat Display ကိုပဲ အသုံးပြုခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့သတင်းအရတော့ လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်လာတော့မယ့် Samsung Galaxy S23 Ultra ဟာ Curved Display ကို စွန့်လွှတ်ပြီး ပုံမှန် Flat Display ကိုပဲ အသုံးပြုလာတော့မယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ Render ဓါတ်ပုံတွေကနေတစ်ဆင့် သိရှိခဲ့ရတာဖြစ်ပြီး Samsung ကနေ ကိုယ်တိုင်အတည်ပြုပေးထားခြင်းမရှိသေးတဲ့အတွက် တကယ် Flat Display ကို အသုံးပြုလာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S22 Ultra က စတင်ပြီးတော့ S Pen ကိုဖုန်းအတွင်းမှာထည့်သွင်းပေးထားတာကြောင့် အခုလိုမျိုး Flat Display ကိုပြောင်းလဲလိုက်တာက အသုံးပြုမှုအပိုင်းမှာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

Samsung သတင်းတွေကို ပိုပြီးတိကျစွာပြောကြားလေ့ရှိတဲ့ Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကတော့ အဆိုပါ Flat Display ကို ပြောင်းလဲအသုံးပြုမယ့် သတင်းကို ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Samsung S23 Ultra ဖုန်းဟာ ယခင်ထက် ပိုပြီး Flat ဖြစ်တဲ့ Display ကို အသုံးပြုလာမှာဖြစ်ပေမယ့် ဘေးဘောင်အစွန်းနားတွေကတော့ Curved ပြုလုပ်ထားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Phone Arena