Crypto တွေကို အရောင်းအဝယ်ပြုလုပ်တဲ့ FTX US က Solana အခြေပြု NFTs တွေ အတွက် ဈေးကွက် ၁ ခုကို ပြုလုပ်ပေးလိုက်ပါတယ်။ Solana Monkey Business, Degenerate Ape Academy နဲ့ Aurory တို့လို Solana အခြေပြု NFTs Collection တွေ ရောင်းဝယ်မှုဟာ နေရာတိုင်းမှာ ဖြစ်နေတဲ့အတွက် FTX US ကလည်း ဒီလမ်းစဉ်ကို လိုက်လာတာပါ။ အထူးသဖြင့် Solana အခြေပြု NFTs တွေကို Solanart နဲ့ Digital Eyes တို့လို နေရာတွေမှာ ရောင်းဝယ်မှု မြင့်မားနေပါတယ်။ ဒါပေမယ့် ဈေးကွက် ၁ ခုကို အစောဆုံး ဖန်တီးလာတာက FTX US ဖြစ်ပါတယ်။

FTX US ရဲ့ ဥက္ကဌ Brett Harrison က “ ဒီ ပလက်ဖောင်းကို ပြုလုပ်ပေးလိုက်တဲ့အတွက် အမေရိကန်နဲ့ တစ်ကမ္ဘာလုံးက User တွေဟာ သူတို့ လိုအပ်တာတွေကို အရောင်းအဝယ်ပြုလုပ်နိုင်ပြီး စည်းကမ်းနဲ့ ညီတဲ့ ဈေးကွက် ၁ ခုကို ရရှိမှာပါ။ “ လို့ ပြောပါတယ်။

Harrison က FTX US ဟာ NFTs Project ၇၅ ခုနဲ့ စတင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ Solana’s Metaplex စံနှုန်းကို အခြေခံတဲ့ NFTs အားလုံးကို ထောက်ပံ့မှာ ဖြစ်ပေမယ့် ကန့်သတ်ချက် အနည်းငယ်ရှိပါတယ်။ FTX US က အာဏာပိုင်တွေ လုံခြုံရေးအရ စိုးရိမ်ရတဲ့ Project တွေကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။

FTX US Launches NFT Market — Users Can Trade and Mint Solana NFTs, ETH Support on the Way

FTX US ဟာ  NFTs တွေကို ဈေးနှုန်း အသေနဲ့ အရောင်းအဝယ်ပြုလုပ်ခွင့်ပေးမှာ ဖြစ်သလို OpenSea လို လေလံတင် စနစ်ကိုလည်း ဖန်တီးပေးမှာပါ။ Customer တွေဟာ NFTs တွေကို ဝယ်ယူဖို့အတွက် သူတို့ အကောင့်ထဲကို Bank Transer , Credit Card Payment , Crypto Transaction တွေနဲ့ ထည့်သွင်းနိုင်ပါတယ်။ NFTs တွေကို အမေရိကန် ဒေါ်လာ ၊ Solana(SOL) ၊ Ether (ETH) တွေနဲ့ ဝယ်ယူနိုင်ပါတယ်။

FTX US ရဲ့ ဈေးကွက်မှာ Customer တွေဟာ ပလက်ဖောင်းက NFTs တွေကို External Wallet သို့ ပြောင်းရွှေ့နိုင်ပါတယ်။ လက်ရှိမှာ Solana အခြေပြု NFTs တွေကိုပဲ ဒီလိုလုပ်နိုင်တာ ဖြစ်ပြီး မကြာခင်မှာ Ethereum အခြေပြု NFTs တွေကို ထောက်ပံ့ပေးမယ်လို့ Harrison က ပြောပါတယ်။

Ref : theblockcrypto