Samsung Galaxy Watch4 Classic ကို ဩဂုတ်လ ၁၁ ရက်နေ့ Galaxy Unpacked Event မှာ ကြေညာမယ်လို့ထင်ပါတယ်။ အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံတွေ၊ Specs တွေနဲ့ လုပ်ဆောင်ချက်တွေ အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ Specs အပြည့်အစုံ ပေါက်ကြားလာပါတယ်။

Galaxy Watch Classic 46mm

အဲဒီ Specs Sheet ကို တွစ်တာမှာ Leaker ၁ ယောက် ဖြစ်တဲ့ @_snoopytech_ က မျှဝေထားတာ ဖြစ်ပြီး ၄၆ မီလီမီတာ ဗားရှင်းရဲ့ လုပ်ဆောင်ချက်အားလုံးကို ဖော်ပြထားပါတယ်။ Samsung Galaxy Watch4 Classic ၄၆ မီလီမီတာမှာ ၁.၃၆ လက်မ 450×450 မျက်နှာပြင် ထည့်သွင်းထားပြီး 330ppi ထောက်ပံ့ထားပါတယ်။ Super AMOLED Full Color Always-on Display ဖြစ်ပြီး Corning Gorilla Glass DX နဲ့ မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ IP68 စံနှုန်း ပါလာပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ အကြမ်းခံ စံနှုန်း ဖြစ်တဲ့ US Military Standard Certification: MID STD 810G လည်း ထည့်သွင်းထားပါတယ်။

Galaxy Watch4 Classic

မောင်းနှင်ထားတဲ့ Processor က Exynos W920 ဖြစ်ပြီး 1.5GB RAM နဲ့ 16GB Storage ထည့်သွင်းထားပါတယ်။ Wear OS အခြေပြု One UI Watch 3.5 မောင်းနှင်ထားပြီး Play Store , Google Maps ,Google Pay , Samsung Pay , Google Assistant , Bixby နဲ့ YouTube Music တို့ကို အသုံးပြုနိုင်မှာပါ။ Galaxy ဖုန်း ပိုင်ရှင်တွေက စမတ်နာရီမှာ ဖုန်းက Apps တွေကို အလိုလို အင်စတောလုပ်နိုင်ပါတယ်။

Galaxy Watch4 Classic မှာ Bluetooth 5.0 , NFC , Dual-band WiFi , GPS , GLONASS , Beidou , Gallileo , Accelerometer , Gyroscope နဲ့ Barometer တွေ တပ်ဆင်ထားမှာပါ။ Health Sensor 3 , PPG Sensor , ECG Sensor နဲ့ BIA Sensor တွေလည်း ပါလာမှာ ဖြစ်ပါတယ်။

Galaxy Watch4 Classic က နှလုံးခုန်နှုန်း၊ ကယ်လိုရီ လောင်ကျွမ်းမှု၊ ခြေလှမ်း ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု အခြေအနေ ၊ ဓမ္မတာစက်ဝိုင်း၊ စိတ်ဖိစီးမှု အခြေအနေ၊ လက်ဆေးမှု အခြေအနေတွေကို တိုင်းတာပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပေါင်း ၄၀ ကျော်ကို တွက်ချက်ပေးနိုင်ပြီး Coach ၁ ယောက်လို လေ့ကျင့်ပေးတဲ့လုပ်ဆောင်ချက်လည်း ပါပါတယ်။

Galaxy Watch4 Classic ကို Galaxy S6 နဲ့ နောက်ပိုင်း၊  Galaxy Note8 နဲ့နောက်ပိုင်း၊  Galaxy Z Series နဲ့  ၂၀၁၆ ထုတ် Galaxy A and J Series နဲ့ နောက်ပိုင်းထုတ် Devices တွေနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ Galaxy Buds+ နဲ့ နောက်ပိုင်းထုတ် နားကြပ်တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ 1.5GB RAM ပါပြီး Android 6.0 နဲ့ နောက်ပိုင်းထုတ် OS မောင်းနှင်ထားတဲ့ Android ဖုန်းတွေနဲ့လည်း တွဲဖက် သုံးနိုင်ပါတယ်။

Ref : gizmochina