BOE ဟာ တရုတ် အခြေစိုက် နာမည်ကြီး မျက်နှာပြင် ထုတ်လုပ်သူ ဖြစ်ပြီး နောက်မျိုးဆက် စမတ်ဖုန်းနဲ့ တခြား Device တွေအတွက် အရွယ်ကြီး OLED မျက်နှာပြင်တွေ ထုတ်လုပ်ဖို့ မကြာခင်ကပဲ တရုတ်က စက်ရုံ ၁ ခုကို အသွင်ပြောင်းခဲ့ပါတယ်။ အခုထွက်လာတဲ့ သတင်းအရ အဲဒီ စက်ရုံကနေ နောက်မျိုးဆက် Apple iPad တွေအတွက် မျက်နှာပြင်တွေ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။

Apple iPad mini (2021)

TheElec က BOE ဟာ မတူညီတဲ့ အီလက်ထရောနစ် ထုတ်ကုန်များစွာအတွက် အရွယ်ကြီး OLED Panel တွေ ထုတ်လုပ်ဖို့ အဲဒီ စက်ရုံကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ BOE ရဲ့ အဓိက ဖောက်သည်တွေထဲမှာ Apple ပါဝင်နေပြီး BOE ဟာ လက်ရှိ ရောင်းချထားတဲ့ iPhone 13 Series တွေအတွက် OLED မျက်နှာပြင်တွေ ထုတ်လုပ်ပေးထားတာပါ။ အခုတော့ Apple နဲ့ BOE တို့ဟာ ပိုမို ပူးပေါင်းလာကြမှာ ဖြစ်ပြီး Apple ရဲ့ တခြား ထုတ်ကုန်တွေအတွက်ပါ BOE က ထောက်ပံ့ပေးတော့မှာပါ။

Apple iPad 10.2 (2021)

BOE ရဲ့ အဲဒီ စက်ရုံကနေ Apple iPad အတွက် ၁၅ လက်မ OLED မျက်နှာပြင်တွေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Apple ဟာ နောက်ပိုင်းထုတ် iPad တွေမှာ အရွယ်ကြီး မျက်နှာပြင်တွေ တပ်ဆင်ထားမယ်လို့ မကြာခင်က သတင်းထွက်ခဲ့တဲ့အတွက် အခုသတင်းနဲ့ တိုက်ဆိုင်တူညီနေပါတယ်။ ဒါ့အပြင် BOE ရဲ့ စက်ရုံကနေ iPad အတွက် ထုတ်လုပ်ပေးမယ့် OLED မျက်နှာပြင်တွေရဲ့ Birghtness ဟာ ပိုမြင့်မားလာမယ်လို့ သိရပါတယ်။

Apple ဟာ OLED Panel တွေကို Samsung နဲ့ LG တို့ကနေ အဓိက ဝယ်ယူနေတာ ဖြစ်ပေမယ့် အဲဒီ ကုမ္ပဏီတွေ အပေါ် မှီခိုနေရတာကို လျှော့ချဖို့အတွက် တခြား ကုမ္ပဏီတွေကိုလည်း ရှာဖွေနေတာ ဖြစ်ပါတယ်။

Ref : gizmochina