Galaxy A04s ရဲ့ အရည်အသွေးမြင့် Renders တွေပေါ်ထွက်ခဲ့တာက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းကပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ Galaxy A04s မှာ Exynos 850 အသုံးပြုထားမယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုတော့ Galaxy A04s ရော Galaxy A04 ပါ Wi-Fi Alliance ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိကြပြီ ဖြစ်ပါတယ်။

Galaxy A04 ဟာ မော်ဒယ်နံပါတ် SM-A045F နဲ့ဖြစ်ပြီး ဒီဖုန်းမှာ Dual-ban 2.4GHz Wi-Fi ပံ့ပိုးမှု ပါဝင်မှာ ဖြစ်ပါတယ်။ Galaxy A04 ဟာ Android 12 မောင်းနှင်ထားတာဖြစ်ပြီး Dual-SIM ထောက်ပံ့မှုလည်း ရရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Galaxy A04 စီးရီးမှာ တတိယမြောက်မော်ဒယ်လည်း ရှိလာနိုင်သေးလို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ပြန်ကြည့်မယ်ဆိုရင် အရင်မျိုးဆက် Galaxy A03 မှာ Galaxy A03, Galaxy A03s နဲ့ Galaxy A03 Core ဆိုပြီး မော်ဒယ်သုံးမျိုးရှိတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Galaxy A04 Core လည်း Galaxy A04 ဘတ်ဂျက်လိုင်းထဲကို ဝင်လာနိုင်တယ်လို့ မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။

Galaxy A04 နဲ့ Galaxy A04s နှစ်မျိုးမှာ A04s အကြောင်းကတော့ အတော်များများ ပေါက်ကြားပြီးသား ဖြစ်နေပါပြီ။ Exynos 850 SoC အသုံးပြုထားမှာဖြစ်ပြီး Renders တွေအရ အရှေ့ဘက်မှာ Water drop Notch နဲ့အတူ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Ref: sammobile