[Zawgyi]

ထြက္လာေတာ့မယ့္ Galaxy S10 ရဲ႕ ေစ်းႏႈန္းေတြအေၾကာင္း တစ္စြန္းတစ္စ ၾကားရျပီးသကာလမွာေတာ့ High End ဖုန္းေတြရဲ႕ ေစ်းေတြက လူတစ္ခ်ိဳ႕အတြက္ေတာ့ ေစ်းမသက္သာေတာ့တာ အမွန္ပါပဲ။ ဒါေၾကာင့္လည္း Mid Range ဖုန္းေတြဘက္ကို စိတ္ဝင္စားမႈေတြ ပိုမ်ားလာတဲ့အတြက္ စမတ္ဖုန္း ကုမၸဏီေတာ္ေတာ္မ်ားမ်ားကလည္း Mid-Range စမတ္ဖုန္း က႑ကို ေတာ္ေတာ္ေလး အားစိုက္လာၾကပါတယ္။

လတ္တေလာမွာေတာ့ Samsung က သူ႔ရဲ႕ Mid-Range Series ျဖစ္တဲ့ Galaxy A Series ထဲမွာ အသစ္တစ္လံုးကို ထပ္မိတ္ဆက္ေတာ့မယ့္ပံုပါပဲ။ ခုရက္ပိုင္းမွာ Galaxy A50 ဆိုတဲ့ MidRange ဖုန္းတစ္လံုးအေၾကာင္း သတင္းေတြထြက္ေနတဲ့အျပင္ Manual လိုက္ပါ ထြက္လာခဲ့တာ ျဖစ္ပါတယ္။

Manual ရဲ႕ပံုမွာေတာ့ Main Camera အေၾကာင္း အေသးစိတ္ေဖာ္ျပထားျပီး သူကေတာ့ 0.9µm Pixels ရိွတဲ့ 25MP Camera ကို သံုထားပါတယ္။ Aperture f/1.7  ဆိုေတာ့ အလင္းအတြက္လည္းအဆင္ေျပျပီး Optical Image Stabilization (OIS) လညး္ ပါပါေသးတယ္။ တျခား Camera Module ၂ခုအေၾကာင္းကိုေတာ့ မေဖာ္ျပထားေသးေပမယ့္ အရင္ထြက္ခဲ့တဲ့ သတင္းအတိုင္းဆို 8MP UltraWide Camera (f/2.4) နဲ႔ 5MP Depth Sensor ကို သံုးထားႏုိင္ပါတယ္။

Battery ကိုေတာ့ 4,000mAh Battery ကိုသံုးထားျပီး 15W Adaptive Fast Charging ကိုေထာက္ပံ့ေပးထားပါတယ္။ USB Type-C ကို သံုးေပးထားတဲ့ အားသာခ်က္အျပင္ 3.5mm နားၾကပ္ေပါက္ပါေနေသးတာေတာ့ ဝမ္းသာစရာပါ။

Single Speaker ကိုပဲသံုးထားျပီး Single SIM Version, Dual SIM Version ဆိုျပီး လာႏုိင္ပါတယ္။ Samsung ရဲ႕ ကိုယ္ပိုင္ Exynos 9610 Chipset ကို သံုးထားျပီး RAM 4/64B , 6/128GB ဆိုျပီး လာႏုိင္တဲ့အျပင္ micro SD ကဒ္ကိုလည္း512GB ထိ ထည့္လို႔ရႏုိင္ဦးမွာပါ။

ကိုယ္ထည္ကေတာ့ ထံုးစံအတုိင္း ပလပ္စတစ္ကိုမွ ေျပာင္လက္တဲ့ အနက္ေရာင္ အျဖဴေရာင္နဲ႔ အျပာေရာင္ဆိုျပီး လာမွာျဖစ္ျပီး ေက်ာဘက္မွာ Fingerprint Reader ကိုလည္ း မေတြ႔ရတဲ့အတြက္ In-Display Fingerprint Sensor နဲ႔ လာမယ္လို႔ ထင္ပါတယ္။ Screen Size 6.4” 1080p+ Super AMOLED Display နဲ႔ Galaxy A50 ေလးက ဘယ္လိုေတာင္ စိတ္ဝင္စားစရာေကာင္းဦးမလဲလို႔ သိခ်င္မိေနပါျပီ။

Source: GsmArena, PhAndroid

[Unicode]

 

ထွက်လာတော့မယ့် Galaxy S10 ရဲ့ ဈေးနှုန်းတွေအကြောင်း တစ်စွန်းတစ်စ ကြားရပြီးသကာလမှာတော့ High End ဖုန်းတွေရဲ့ ဈေးတွေက လူတစ်ချို့အတွက်တော့ ဈေးမသက်သာတော့တာ အမှန်ပါပဲ။ ဒါကြောင့်လည်း Mid Range ဖုန်းတွေဘက်ကို စိတ်ဝင်စားမှုတွေ ပိုများလာတဲ့အတွက် စမတ်ဖုန်း ကုမ္ပဏီတော်တော်များများကလည်း Mid-Range စမတ်ဖုန်း ကဏ္ဍကို တော်တော်လေး အားစိုက်လာကြပါတယ်။

လတ်တလောမှာတော့ Samsung က သူ့ရဲ့ Mid-Range Series ဖြစ်တဲ့ Galaxy A Series ထဲမှာ အသစ်တစ်လုံးကို ထပ်မိတ်ဆက်တော့မယ့်ပုံပါပဲ။ ခုရက်ပိုင်းမှာ Galaxy A50 ဆိုတဲ့ MidRange ဖုန်းတစ်လုံးအကြောင်း သတင်းတွေထွက်နေတဲ့အပြင် Manual လိုက်ပါ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Manual ရဲ့ပုံမှာတော့ Main Camera အကြောင်း အသေးစိတ်ဖော်ပြထားပြီး သူကတော့ 0.9µm pixels ရှိတဲ့ 25MP Camera ကို သုံထားပါတယ်။ Aperture f/1.7  ဆိုတော့ အလင်းအတွက်လည်းအဆင်ပြေပြီး Optical Image Stabilization (OIS) လည်း ပါပါသေးတယ်။ တခြား Camera Module ၂ခုအကြောင်းကိုတော့ မဖော်ပြထားသေးပေမယ့် အရင်ထွက်ခဲ့တဲ့ သတင်းအတိုင်းဆို 8MP UltraWide Camera (f/2.4) နဲ့ 5MP Depth Sensor ကို သုံးထားနိုင်ပါတယ်။

Battery ကိုတော့ 4,000mAh Battery ကိုသုံးထားပြီး 15W Adaptive Fast Charging ကိုထောက်ပံ့ပေးထားပါတယ်။ USB Type-C ကို သုံးပေးထားတဲ့ အားသာချက်အပြင် 3.5mm နားကြပ်ပေါက်ပါနေသေးတာတော့ ဝမ်းသာစရာပါ။

Single Speaker ကိုပဲသုံးထားပြီး Single SIM Version, Dual SIM Version ဆိုပြီး လာနိုင်ပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် Exynos 9610 Chipset ကို သုံးထားပြီး RAM 4/64B , 6/128GB ဆိုပြီး လာနိုင်တဲ့အပြင် micro SD ကဒ်ကိုလည်း512GB ထိ ထည့်လို့ရနိုင်ဦးမှာပါ။

ကိုယ်ထည်ကတော့ ထုံးစံအတိုင်း ပလပ်စတစ်ကိုမှ ပြောင်လက်တဲ့ အနက်ရောင် အဖြူရောင်နဲ့ အပြာရောင်ဆိုပြီး လာမှာဖြစ်ပြီး ကျောဘက်မှာ Fingerprint Reader ကိုလည် း မတွေ့ရတဲ့အတွက် In-Display Fingerprint Sensor နဲ့ လာမယ်လို့ ထင်ပါတယ်။ Screen Size 6.4” 1080p+ Super AMOLED Display နဲ့ Galaxy A50 လေးက ဘယ်လိုတောင် စိတ်ဝင်စားစရာကောင်းဦးမလဲလို့ သိချင်မိနေပါပြီ။

Source: GsmArena, PhAndroidsa