Samsung ဟာ သူ့ရဲ့ High-end နဲ့ Mid-range စမတ်ဖုန်းအမျိုးမျိုးအတွက် June 2022 security update ကို ထုတ်ပေးနေပြီဖြစ်ပါတယ်။ Update ထုတ်ပေးတဲ့နေရာမှာ ဖုန်းအမျိုးအစားအကုန်လုံး၊ ဈေးကွက်အကုန်လုံးကို တပြိုက်နက်ထုတ်ပေးနေတာမဟုတ်ဘဲ ဒေသအပိုင်းအလိုက်သာ ထုတ်ပေးနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Galaxy A53 လည်း Security Update သစ်ကို လက်ခံရရှိမှာဖြစ်ပါတယ်။ Update ကို စင်ကာပူမှာ ရရှိနေပြီလို့သိရပြီး လာမဲ့ရက်အနည်းငယ်အတွင်း အာရှရဲ့ အခြားဒေသတွေမှာလည်း ရရှိလာတော့မယ်လို့ မျှော်လင့်ရပါတယ်။ Galaxy A53 အတွက် Software update သစ်ဟာ Firmware version A536EXXU2AVF2 နဲ့ လာတာ ဖြစ်ပါတယ်။

ဒီ Update မှာ Privacy ၆၀ ကျော်နဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကို ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Update မှာ ယေဘုယျချွတ်ယွင်းချက်တွေကိုလည်း ပြင်ဆင်ထားပြီး Device ကို ပိုမိုကောင်းမွန်စွာနဲ့ လည်ပတ်မောင်းနှင်နိုင်စေမဲ့ တည်ငြိမ်မှုလည်း ယူဆောင်လာတယ်လို့ သိရပါတယ်။ အကယ်၍ စာဖတ်သူဟာ စင်ကာပူမှာရှိနေတဲ့ Galaxy A53 သုံးစွဲသူဆိုရင်တော့ Update ကို ချက်ချင်းရယူသုံးစွဲဖို့ တိုက်တွန်းချင်ပါတယ်။

Galaxy A53 ရဲ့ June 2022 security update ကို ရယူဖို့အတွက် Settings » Software update ကိုသွားပြီး Download and install နှိပ်ရမှာ ဖြစ်ပါတယ်။ Samsung ဟာ ဒီနှစ်အစောပိုင်းမှာ Android 12 မောင်းနှင်ထားတဲ့ Galaxy A53 ကို Galaxy A33, Galaxy A 73 တို့နဲ့အတူ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ Major Android OS update လေးကြိမ်ရရှိထားပြီးသားလည်း ဖြစ်ပါတယ်။ နောက်ထပ် လေးနှစ်ကြာ လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှုနဲ့အတူ Android 16 အထိလည်းရရှိဦးမယ်လို့ သိရပါတယ်။

Ref: sammobile