Samsung ကနေ လာမယ့် ၂၀၂၁ ခုနှစ်မှာ Galaxy A Series အသစ်တွေကို မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ Galaxy A Series အသစ်တွေဟာ 5G Support ကို ရရှိလာမယ့်အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုပြီး ကောင်းမွန်လာဖွယ်ရှိနေပါတယ်။

အခုလည်း ယခုနှစ်အတွက် အရောင်းရဆုံး Galaxy A Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A71 ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Galaxy A72 5G ရဲ့ သတင်းအချို့က ပေါက်ကြားလာခဲ့ပါပြီ။ ဒါကတော့ Case Render ဓါတ်ပုံတွေကနေတစ်ဆင့် Design ပိုင်းကို ခန့်မှန်းနိုင်ခဲ့တာဖြစ်ပါတယ်။

Samsung Galaxy A72 5G စမတ်ဖုန်းဟာ Camera Design အနေနဲ့ Galaxy Note 20 Series လိုမျိုး လေးထောင့်ဆန်တဲ့ Design ကိုပြောင်းလဲထားပြီးတော့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Sensor တွေအနေနဲ့ကတော့ 64MP Primary Sensor ၊ 12MP Ultrawide ၊ 5MP Macro နဲ့ 5MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Galaxy A72 5G ဖုန်းမှာ 3x Optical Zoom ရရှိမယ့် 8MP Telephoto Sensor ပါ ပါဝင်လာမယ်ဆိုပြီး သတင်းထွက်ရှိခဲ့ပေမယ့် အခုပေါက်ကြားလာတဲ့သတင်းအရတော့ မဟုတ်တဲ့ပုံစံပါပဲ။

ကျန်တဲ့ USB-C ၊ 3.5mm Audio Jack တွေလည်း ထည့်သွင်းထားမှာဖြစ်ပြီး Display အနေနဲ့ကတော့ Punch-hole Selfie Camera ကိုပဲ အသုံးပြုလာနိုင်ပါတယ်။ Galaxy A72 5G ဖုန်းက ဘယ်လိုမျိုး Processor ကို အသုံးပြုလာမလဲဆိုတာနဲ့ တခြားသော Specification အသေးစိတ်ကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China