ပြီးခဲ့တဲ့ တစ်ပတ်မှာ Dimensity 6100+ Chipset ပါတဲ့ Samsung Galaxy F15 5G ရဲ့ သတင်းအချက်အလက်တွေ Geekbench ကနေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ 6,000mAh Battery ထည့်သွင်းထားပြီး 25W Charging နဲ့ USB-C ထောက်ပံ့ထားမှာပါ။

Galaxy F15 5G teaser images leak, reveal a 6,000mAh battery and promise 4 OS updates - GSMArena.com news

Samsung က OS Update ၄ နှစ်နဲ့ Security Patch ၅ နှစ်ပေးမှာ ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းအတွက် ဒါဟာ တော်တော်ကောင်းပါတယ်။ F14 တုန်းက OS Update ၂ နှစ်နဲ့ Security Patch ၄ နှစ်ပဲရထားတာ ဖြစ်ပါတယ်။

Galaxy F15 5G teaser images leak, reveal a 6,000mAh battery and promise 4 OS updates - GSMArena.com news

Galaxy A နဲ့ F Series မှာ Voice Focus လုပ်ဆောင်ချက် ထည့်ပေးထားပြီး ဖုန်းပြောရင် ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးပါတယ်။

Samsung Galaxy F15 5G Leaked Specifications, Features, Images and Launch Date Revealed - Tech Somewhere

Galaxy F15 5G မှာ 6.5” FHD+ 90Hz မျက်နှာပြင်နဲ့ 13MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ထားမှာ ဖြစ်ပြီး 50MP Main , 5MP Ultrawide နဲ့ 2MP တို့ ဖြစ်နိုင်ပါတယ်။ Base Configuration မှာ 4/128GB ဖြစ်နိုင်ပါတယ်။

Galaxy F15 5G ကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာနိုင်ပြီး ကုမ္ပဏီက တရားဝင် မပြောသေးပါဘူး။ Samsung ဟာ Galaxy F14 ရဲ့ 4G Version  ကိုလည်း ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Ref : gsmarena