Galaxy Note 8 ဟာ Samsung ရဲ့ Note Line ထဲမှာ အလွန်အရေးပါတဲ့ Device ဖြစ်ခဲ့ပါတယ်။ Galaxy Note စီးရီးတွေဟာ ဝယ်ယူအသုံးပြုသူတွေအတွက် သေချာတဲ့လုံခြုံစိတ်ချရမှုကို ပေးအပ်တယ်ဆိုတဲ့ ကောင်းသတင်းလည်း ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ Samsung ဟာ Galaxy Note line ကို ဒဏ္ဍာရီထဲမှာပဲထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းထဲမှာပဲကျန်ခဲ့တော့မဲ့ Galaxy Note တွေထဲမှာ Note 8 လည်း ပါဝင်လာပါပြီ။ ဒီ Device ဟာ အင်မတန်ကိုကောင်းမွန်တဲ့ တည်ဆောက်မှုနဲ့ထွက်ပေါ်လာခဲ့တာပါ။ Samsung ရဲ့ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဇာတ်လမ်းတွေကိုလည်း ဝင်ရောက်ကယ်တင်ပေးခဲ့တာပါ။ အခုတော့ Galaxy Note 8 ရဲ့အခန်းကဏ္ဍကို နှုတ်ဆက်ဖို့အချိန် ရောက်ရှိလို့လာခဲ့ပါပြီ။

Galaxy Note 8 ကို လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့တာပါ။ အဲဒီအချိန်တုန်းက ကြီးကျယ်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပြီး၊ လတ်ဆတ်တဲ့ဒီဇိုင်းအသွင်အပြင်ကိုလည်း ဆင်ယင်ထားတာပါ။ ဟန်းဆက်ဟာ ကျောဘက်မှာ Dual camera ကို တပ်ဆင်ထားပြီး ဒီ Trend ကလည်း ရေပန်းစားလာခဲ့ပါတယ်။ ဒါဟာ Samsung flagships တွေရဲ့ လမ်းကြောင်းအပြောင်းအလဲကို ပြသနေတာပါပဲ။

အထူးသဖြင့် Galaxy Note 8 ထွက်လာပြီးနောက်ပိုင်းမှာ Samsung ရဲ့ Flagships တွေက ပိုပြီးတိုးတက်ကောင်းမွန်လာတယ်လို့ ပြောနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ကစပြီး Galaxy Note 8 ဟာ နောက်ထပ် Updates သစ်တွေ ရရှိတော့မှာမဟုတ်ပါဘူး။ Samsung ဟာ သူ့အတွက် အဓိက Android OS upgrades နှစ်ခုကိုပဲ ထုတ်ပေးခဲ့ပါတယ်။

Galaxy Note 8 ဟာ Android upgrades သုံးကြိမ်ရမဲ့ Samsung devices စာရင်းထဲမှာ ပါဝင်မလာခဲ့ပါဘူး။ Galaxy Note 8 ဟာ Android 10 One UI 2.0 update ကို မရရှိခဲ့ပါဘူး။ ကုမ္ပဏီဟာ Device အတွက် Security update ကို လေးနှစ်အထိ ပေးခဲ့ပါတယ်။ လတိုင်းလိုလိုလည်း ထုတ်ပေးခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလကစပြီးတော့ တစ်လတစ်ကြိမ်ကနေ သုံးလတစ်ကြိမ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အခုတော့ နောက်ထပ် Update ဆိုတာရှိလာတော့မှာမဟုတ်ဘူးလို့ Galaxy Note 8 ပိုင်ရှင်တွေကို ဝမ်းနည်းစွာနဲ့ အသိပေးလိုက်ရပြီပဲ ဖြစ်ပါတယ်။

Ref: SAMMobile