Zawgyi

Samsung ကေန သူ႕ရဲ႕ 2019 Flagship ျဖစ္တဲ့ Galaxy S10 Series ကို မိတ္ဆက္လိုက္တာ မၾကာေသးပါဘူး။ နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ မၾကာခင္ စတင္ေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။ Galaxy S10 ကို မေရာင္းခင္မွာပဲ Samsung ဘက္ကေန Galaxy S10 ကို သုံးစြဲသူေတြ သုံးစြဲရတာ ပိုမိုအဆင္ေျပေစဖို႔ ႀကိဳးစားေနပါတယ္။ Galaxy S10 ရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ေပၚက ကင္မရာအေပါက္ေလးေတြကို Notch ဖုန္းေတြမွာ Notch ေဖ်ာက္သလိုမ်ိဳး ေဖ်ာက္နိုင္ဖို႔ လုပ္ေဆာင္ေနၿပီး Bixby Button ကိုလည္း ကိုယ္ႀကိဳက္ႏွစ္သက္ရာ Voice Assistant ထားနိုင္ေစဖို႔ Bixby Remapping ကိုထည့္သြင္းေပးမွာပါ။ အခုလည္း Galaxy S10 နဲ႕ S10+ တို႔အတြက္ အထူး ထုတ္လုပ္ထားတဲ့ Screen Protector ေတြကို တစ္ခါတည္း တပ္ဆင္ေပးသြားမယ္လို႔ သိရပါတယ္။

Galaxy S10 နဲ႕ S10+ တို႔ကို စတင္ မိတ္ဆက္ခ်ိန္မွာပဲ Reviewer နဲ႕ Galaxy S10 Series ကိုဝယ္ယူခ်င္တဲ့သူ ေတာ္ေတာ္မ်ားမ်ားက ဖုန္းမွာ အသုံးျပဳထားတဲ့ Ultrasonic Under-display Fingerprint Scanner ေၾကာင့္ မွန္ကပ္ေတြ ကပ္လို႔မရမွာကို စိုးရိမ္ခဲ့ၾကပါတယ္။ လူေတာ္ေတာ္မ်ားမ်ားစိုးရိမ္ေနၾကသလို Samsung ကလည္း အဆိုပါ ျပႆနာကို ႀကိဳေတြးၿပီးသားပါ။ အဆိုပါ ျပႆနာအတြက္ ေျဖရွင္းခ်က္အေနနဲ႕ Galaxy S10 နဲ႕ S10+ မွာ အထူးျပဳလုပ္ထားတဲ့ မွန္ကပ္ေတြကို တစ္ခါတည္း တပ္ဆင္ေပးထားမွာပါ။

Samsung ရဲ႕ အဆိုပါ တရားဝင္ သတင္းထုတ္ျပန္ခ်က္ကို Samsung ရဲ႕ Reddit Forum ေပၚမွာ ေတြ႕ခဲ့တာျဖစ္ၿပီး စက္႐ုံကထုတ္လိုက္ကတည္းက Galaxy S10 နဲ႕ S10+ တို႔မွာ မွန္ကပ္ေတြ တစ္ခါတည္း ပါဝင္လာမွာျဖစ္ၿပီး အဆိုပါ မွန္ကပ္ေတြဟာ ဖုန္းရဲ႕ မ်က္ႏွာျပင္ကို အပြန္းအစင္း မထင္ေအာင္ ကာကြယ္ေပးနိုင္႐ုံမက Ultrasonic Fingerprint Scanner ကိုပါ အျပည့္အဝ အလုပ္လုပ္နိုင္ေစမယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း အဆိုပါ မွန္ကပ္ေတြဟာ Accessories စာရင္းထဲဝင္တာမို႔ ဝရန္တီေတာ့ ရရွိမွာမဟုတ္ပါဘူး။

ဖုန္းနဲ႕ တစ္ခါတည္းပါလာတဲ့ မွန္ကပ္ ပ်က္စီးသြားရင္လည္း ေအာရီဂ်င္နယ္ မွန္ကပ္ကို အလြယ္တကူ ဝယ္ယူနိုင္ပါတယ္။ Samsung ရဲ႕ ဝဘ္ဆိုက္ေပၚမွာေတာ့ အဆိုပါ မွန္ကပ္ေတြကို $29.99 နဲ႕ေရာင္းခ်ေနပါတယ္။ ျမန္မာေငြနဲ႕ ျပန္တြက္ၾကည့္ရင္ ေလးေသာင္းခြဲေတာင္ရွိတာမို႔ မွန္ကပ္တစ္ခုအတြက္ ေတာ္ေတာ္ေလး ေစ်းႀကီးေနတယ္လို႔ ဆိုနိုင္ပါတယ္။ ဒါေပမယ့္လည္း Galaxy S10 နဲ႕ S10+ ရဲ႕ Ultrasonic Fingerprint Scanner အလုပ္လုပ္ေစဖို႔ အတြက္ အထူးထုတ္ေပးထားတာမို႔ တစ္ျခား Third Party မွန္ကပ္ေတြ မထြက္ေသးရင္ ေ႐ြးခ်ယ္စရာက သူပဲရွိပါတယ္။ Galaxy S10 နဲ႕ S10+ ရဲ႕ Under-display Fingerprint Scanner ဟာ တစ္ျခားဖုန္းေတြမွာလို အလင္းတန္းထိုးၿပီး စကန္ဖတ္တဲ့ Optical Fingerprint Scanner မဟုတ္တာေၾကာင့္ သာမာန္ မွန္ကပ္ေတြသာ ကပ္ထားရင္ လုံးဝအလုပ္လုပ္မွာ မဟုတ္ပါဘူး။

Ref: XDA News

Unicode

Galaxy S10 နဲ့ S10+ တို့မှာ Screen Protector တွေ တစ်ခါတည်း တပ်ဆင်ပေးထားမည်

Samsung ကနေ သူ့ရဲ့ 2019 Flagship ဖြစ်တဲ့ Galaxy S10 Series ကို မိတ်ဆက်လိုက်တာ မကြာသေးပါဘူး။ နိုင်ငံတော်တော်များများမှာ မကြာခင် စတင်ရောင်းချတော့မှာဖြစ်ပါတယ်။ Galaxy S10 ကို မရောင်းခင်မှာပဲ Samsung ဘက်ကနေ Galaxy S10 ကို သုံးစွဲသူတွေ သုံးစွဲရတာ ပိုမိုအဆင်ပြေစေဖို့ ကြိုးစားနေပါတယ်။ Galaxy S10 ရဲ့ အရှေ့ဘက် မျက်နှာပြင်ပေါ်က ကင်မရာအပေါက်လေးတွေကို Notch ဖုန်းတွေမှာ Notch ဖျောက်သလိုမျိုး ဖျောက်နိုင်ဖို့ လုပ်ဆောင်နေပြီး Bixby Button ကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ Voice Assistant ထားနိုင်စေဖို့ Bixby Remapping ကိုထည့်သွင်းပေးမှာပါ။ အခုလည်း Galaxy S10 နဲ့ S10+ တို့အတွက် အထူး ထုတ်လုပ်ထားတဲ့ Screen Protector တွေကို တစ်ခါတည်း တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

Galaxy S10 နဲ့ S10+ တို့ကို စတင် မိတ်ဆက်ချိန်မှာပဲ Reviewer နဲ့ Galaxy S10 Series ကိုဝယ်ယူချင်တဲ့သူ တော်တော်များများက ဖုန်းမှာ အသုံးပြုထားတဲ့ Ultrasonic Under-display Fingerprint Scanner ကြောင့် မှန်ကပ်တွေ ကပ်လို့မရမှာကို စိုးရိမ်ခဲ့ကြပါတယ်။ လူတော်တော်များများစိုးရိမ်နေကြသလို Samsung ကလည်း အဆိုပါ ပြဿနာကို ကြိုတွေးပြီးသားပါ။ အဆိုပါ ပြဿနာအတွက် ဖြေရှင်းချက်အနေနဲ့ Galaxy S10 နဲ့ S10+ မှာ အထူးပြုလုပ်ထားတဲ့ မှန်ကပ်တွေကို တစ်ခါတည်း တပ်ဆင်ပေးထားမှာပါ။

Samsung ရဲ့ အဆိုပါ တရားဝင် သတင်းထုတ်ပြန်ချက်ကို Samsung ရဲ့ Reddit Forum ပေါ်မှာ တွေ့ခဲ့တာဖြစ်ပြီး စက်ရုံကထုတ်လိုက်ကတည်းက Galaxy S10 နဲ့ S10+ တို့မှာ မှန်ကပ်တွေ တစ်ခါတည်း ပါဝင်လာမှာဖြစ်ပြီး အဆိုပါ မှန်ကပ်တွေဟာ ဖုန်းရဲ့ မျက်နှာပြင်ကို အပွန်းအစင်း မထင်အောင် ကာကွယ်ပေးနိုင်ရုံမက Ultrasonic Fingerprint Scanner ကိုပါ အပြည့်အဝ အလုပ်လုပ်နိုင်စေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အဆိုပါ မှန်ကပ်တွေဟာ Accessories စာရင်းထဲဝင်တာမို့ ဝရန်တီတော့ ရရှိမှာမဟုတ်ပါဘူး။

ဖုန်းနဲ့ တစ်ခါတည်းပါလာတဲ့ မှန်ကပ် ပျက်စီးသွားရင်လည်း အောရီဂျင်နယ် မှန်ကပ်ကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Samsung ရဲ့ ဝဘ်ဆိုက်ပေါ်မှာတော့ အဆိုပါ မှန်ကပ်တွေကို $29.99 နဲ့ရောင်းချနေပါတယ်။ မြန်မာငွေနဲ့ ပြန်တွက်ကြည့်ရင် လေးသောင်းခွဲတောင်ရှိတာမို့ မှန်ကပ်တစ်ခုအတွက် တော်တော်လေး စျေးကြီးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း Galaxy S10 နဲ့ S10+ ရဲ့ Ultrasonic Fingerprint Scanner အလုပ်လုပ်စေဖို့ အတွက် အထူးထုတ်ပေးထားတာမို့ တစ်ခြား Third Party မှန်ကပ်တွေ မထွက်သေးရင် ရွေးချယ်စရာက သူပဲရှိပါတယ်။ Galaxy S10 နဲ့ S10+ ရဲ့ Under-display Fingerprint Scanner ဟာ တစ်ခြားဖုန်းတွေမှာလို အလင်းတန်းထိုးပြီး စကန်ဖတ်တဲ့ Optical Fingerprint Scanner မဟုတ်တာကြောင့် သာမာန် မှန်ကပ်တွေသာ ကပ်ထားရင် လုံးဝအလုပ်လုပ်မှာ မဟုတ်ပါဘူး။

Ref: XDA News