Zawgyi
Ref: Gizmo China
Unicode
Exynos SoC အသုံးပြု Galaxy S10+ ရဲ့ Geekbench ရမှတ် ထွက်ပေါ်လာပြီး Snapdragon ဗားရှင်းထက် သာလွန်နေ
မကြာသေးခင်က Snapdragon 855 SoC အသုံးပြုထားတဲ့ Samsung Galaxy S10+ ရဲ့ Geekbench ရမှတ်တွေထွက်ပေါ်လာခဲ့ပါတယ်။ Geekbench အရ အရင်မျိုးဆက်ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်းသိသိသာသာကောင်းမွန်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ Samsung ရဲ့ ထုံးစံအတိုင်း Flagship ဖုန်းတွေကို Qualcomm ရဲ့ Snapdragon နဲ့ သူ့ကိုယ်ပိုင် Exynos ဆိုပြီး SoC နှစ်မျိုးခွဲထုတ်တာကြောင့် သူ့ကိုယ်ပိုင် Exynos SoC အသုံးပြုထားတဲ့ Galaxy S10+ ရဲ့ Geekbench ရမှတ်ကို သိချင်နေကြတဲ့သူတွေ အတော်များပါတယ်။ အခုတော့ Galaxy S10+ Exynos ဗားရှင်းရဲ့ Geekbench ရမှတ်တွေ ထွက်ပေါ်လာပါပြီ။
Qualcomm ရဲ့ Snapdragon သုံးထားတဲ့ Galaxy ဖုန်းတွေဟာ Samsung ရဲ့ ကိုယ်ပိုင် Exynos SoC သုံးထားတဲ့ Galaxy ဖုန်းတွေ ထက် စွမ်းဆောင်ရည်ပိုင်းမှာ အနည်းငယ်သာလွန်နေတာက ထုံးစံပါပဲ။ ဒါပေမယ့်လည်း အရမ်းကြီးသိသိသာသာ စွမ်းဆောင်ရည်ကွာခြားချက်တော့ မရှိခဲ့ပါဘူး။ Antutu နဲ့ Geekbench လို စွမ်းဆောင်ရည် သတ်မှတ်တဲ့ ဝဘ်ဆိုက်တွေမှာတော့ အဆိုပါ ဗားရှင်းနှစ်မျိုးက ကိန်းဂဏန်းအနည်းငယ်ကွဲပြားလေ့ရှိခဲ့ပါတယ်။ အခုထွက်ပေါ်လာခဲ့တဲ့ Geekbench ရလဒ်တွေ အရတော့ Galaxy S10+ Exynos ဗားရှင်းဟာ အရင်ထွက်ခဲ့တဲ့ Snapdragon 855 ဗားရှင်းထက် ကိန်းဂဏန်းအနည်းငယ် သာလွန်နေတာ တွေ့လိုက်ရပါပြီ။
သာမာန် ဖုန်းအသုံးပြုတွေအတွက်တော့ အဆိုပါ ကိန်းဂဏန်းတွေက အရမ်းကြီး အရေးမကြီးပေမယ့် ကိန်းဂဏန်းတွေကိုမှ နှိုင်းယှဉ်တက်တဲ့ စမတ်ဖုန်းရူးသွပ်သူတွေအတွက်တော့ အဆိုပါ ကိန်းဂဏန်းတွေက အရေးကြီးပါတယ်။ ထွက်ပေါ်လာတဲ့ Geekbench အမှတ်တွေအရတော့ Galaxy S10+ မှာ အသုံးပြုထားတဲ့ Exynos 9820 ပရိုဆက်ဆာဟာ Snapdragon 855 ပရိုဆက်ဆာ ထက် သာလွန်သွားတာကြောင့် Snapdragon က Exynos ထက်စွမ်းဆောင်ရည်ပိုင်းသာလွန်တယ်ဆိုတဲ့ အစဉ်အလာကြီးကို ပယ်ဖျက်လိုက်ပါပြီ။
Exynos 9820 ရဲ့ အဓိက အားသာချက်ကတော့ Single-core စွမ်းဆောင်ရည်ပဲဖြစ်ပြီး Geekbench ရဲ့ Single-core ရမှတ်မှာ 4472 Points ထိ ရရှိထားပါတယ်။ Snapdragon 855 ကတော့ 3413 ပဲ ရထားတာကြောင့် ကွာခြားချက်က အတော်လေးများပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတစ်လုံးရဲ့ လက်တွေ့အရေးပါမှုကတော့ Multiple-core စွမ်းဆောင်ရည်ပေါ်မူတည်တာကြောင့် လက်တွေ့ နေစဉ် အသုံးပြုမှုတွေမှာတော့ Exynos အသုံးပြုထားတဲ့ Galaxy S10+ နဲ့ Snapdragon အသုံးပြု Galaxy S10+ တို့ဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာ ကွာခြားမှာတော့ မဟုတ်ပါဘူး။
Multi-core စွမ်းဆောင်ရည်ပိုင်းမှာတော့ Snapdragon ဗားရှင်းက 10256 ရထားပြီး Exynos ဗားရှင်းကတော့ 10387 ရထားပါတယ်။ Multi-core စွမ်းဆောင်ရည်ပိုင်းမှာတော့ သိသိသာသာ ကွာခြားခြင်းမရှိပါဘူး။ အခုလို Exynos ဗားရှင်းက စွမ်းဆောင်ရည် ပိုများနေတယ်ဆိုတဲ့ သတင်းကတော့ ပြည်တွင်း Galaxy Fan တွေ အတွက် သတင်းကောင်းပါပဲ။ မြန်မာ အပါအဝင် အာရှနိုင်ငံ အတော်များများကို Exynos ဗားရှင်း Galaxy ဖုန်းတွေပဲ ရောင်းချတာမို့ ပြည်တွင်းရောက်လာမယ့် Galaxy S10 Series မှာလည်း Exynos 9820 SoC ကိုပဲ တပ်ဆင်ပေးထားမှာ အသေအချာပါပဲ။
Ref: Gizmo China