Unicode

Galaxy S20 မိသားစုဝင် စမတ်ဖုန်းသုံးလုံးမှာ အသုံးပြုလာမယ့် ကင်မရာ Sensor တွေရဲ့ အချက်အလက်တွေ ယနေ့မှာ ထွက်ရှိလာခဲ့ပါပြီ။ ဒီနေ့မြင်တွေ့ရတဲ့ အချက်အလက်တွေအရတော့ S20 ဖုန်းတွေမှာ Samsung နဲ့ Sony တို့က ထုတ်တဲ့ Sensor တွေကို ရောနှောသုံးစွဲလာမှာပါ။

အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Samsung Galaxy S20 Ultra မှာ အဓိက Sensor အဖြစ် အသုံးပြုလာမှာကတော့ 108MP စွမ်းအားမြင့် S5KHM1 Sensor ဖြစ်ပါတယ်။ Xiaomi Mi Note 10 မှာ မြင်ခဲ့ရတဲ့ 108MP Sensor ဟာ S5KHMX ဖြစ်တာကြောင့် အခု Sensor အသစ်ဟာ Custom ဗားရှင်းအသစ်ဖြစ်မှာပါ။ သူ့ကို 44MP Ultra-wide ISOCELL Slim Sensor နဲ့ Telephoto အတွက် Sony IMX586 48MP Quad Bayer Sensor တို့က ဝန်းရံထားပါတယ်။

Galaxy S20+ ရဲ့ ကင်မရာကတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Leak အဖြစ် ထွက်ပေါ်ခဲ့ပါသေးတယ်။ သူက Galaxy S20 ကင်မရာအတွဲနဲ့ တူညီပြီး 3D ToF Sensor တစ်ခုပဲ ပိုပါတာပါ။ S20+ မှာ IMX516 ToF Sensor ကို အသုံးပြုလာပြီး Ultra မော်ဒယ်မှာ ပိုသစ်တဲ့ IMX518 ကို အသုံးပြုထားပါတယ်။

S20+ ရဲ့အဓိက ကင်မရာက 12MP Sony IMX555 ဖြစ်ပြီး 1.8µm Pixels အားရှိမယ်လို့ ဆိုထားပါတယ်။ သူ့ကို S5KGW2 အမည်ရ Telephoto ကင်မရာနဲ့တွဲဖက်ထားပြီး အချက်အလက် အတိကျမသိရပေမယ့် ဒီ Sensor ကတော့ 64MP ISOCELL GW1 နဲ့ ဆက်စပ်နေပါတယ်။ နောက်ဆုံးမှာ 12MP Ultrawide Sensor တစ်ခု ထပ်ပါသေးပြီး S5K2LA Sensor ဖြစ်ပါတယ်။

Galaxy S20 မော်ဒယ်သုံးမျိုးစလုံးဟာ ဆဲလ်ဖီကင်မရာအတွက်တေော့ Sony IMX374 ကိုအသုံးပြုလာမှာဖြစ်ပြီး ဒါကတော့ 10MP Sensor ဖြစ်ပါတယ်။ သူ့ကို S10 နဲ့ Note 10 ဖုန်းတွေမှာလည်း တွေ့ခဲ့ရပါတယ်။

Ref – GSM Arena

Zawgyi

Galaxy S20 မိသားစုဝင္ စမတ္ဖုန္းသုံးလုံးမွာ အသုံးျပဳလာမယ့္ ကင္မရာ Sensor ေတြရဲ႕ အခ်က္အလက္ေတြ ယေန႔မွာ ထြက္ရွိလာခဲ့ပါၿပီ။ ဒီေန႔ျမင္ေတြ႕ရတဲ့ အခ်က္အလက္ေတြအရေတာ့ S20 ဖုန္းေတြမွာ Samsung နဲ႔ Sony တုိ႔က ထုတ္တဲ့ Sensor ေတြကို ေရာေႏွာသုံးစြဲလာမွာပါ။

အျမင့္ဆုံးေမာ္ဒယ္ျဖစ္တဲ့ Samsung Galaxy S20 Ultra မွာ အဓိက Sensor အျဖစ္ အသုံးျပဳလာမွာကေတာ့ 108MP စြမ္းအားျမင့္ S5KHM1 Sensor ျဖစ္ပါတယ္။ Xiaomi Mi Note 10 မွာ ျမင္ခဲ့ရတဲ့ 108MP Sensor ဟာ S5KHMX ျဖစ္တာေၾကာင့္ အခု Sensor အသစ္ဟာ Custom ဗားရွင္းအသစ္ျဖစ္မွာပါ။ သူ႕ကို 44MP Ultra-wide ISOCELL Slim Sensor နဲ႔ Telephoto အတြက္ Sony IMX586 48MP Quad Bayer Sensor တုိ႔က ဝန္းရံထားပါတယ္။

Galaxy S20+ ရဲ႕ ကင္မရာကေတာ့ လြန္ခဲ့တဲ့ရက္အနည္းငယ္ကလည္း Leak အျဖစ္ ထြက္ေပၚခဲ့ပါေသးတယ္။ သူက Galaxy S20 ကင္မရာအတြဲနဲ႔ တူညီၿပီး 3D ToF Sensor တစ္ခုပဲ ပုိပါတာပါ။ S20+ မွာ IMX516 ToF Sensor ကုိ အသုံးျပဳလာၿပီး Ultra ေမာ္ဒယ္မွာ ပုိသစ္တဲ့ IMX518 ကို အသုံးျပဳထားပါတယ္။

S20+ ရဲ႕အဓိက ကင္မရာက 12MP Sony IMX555 ျဖစ္ၿပီး 1.8µm Pixels အားရွိမယ္လို႔ ဆုိထားပါတယ္။ သူ႕ကို S5KGW2 အမည္ရ Telephoto ကင္မရာနဲ႔တြဲဖက္ထားၿပီး အခ်က္အလက္ အတိက်မသိရေပမယ့္ ဒီ Sensor ကေတာ့ 64MP ISOCELL GW1 နဲ႔ ဆက္စပ္ေနပါတယ္။ ေနာက္ဆုံးမွာ 12MP Ultrawide Sensor တစ္ခု ထပ္ပါေသးၿပီး S5K2LA Sensor ျဖစ္ပါတယ္။

Galaxy S20 ေမာ္ဒယ္သုံးမ်ဳိးစလုံးဟာ ဆဲလ္ဖီကင္မရာအတြက္ေတော့ Sony IMX374 ကိုအသုံးျပဳလာမွာျဖစ္ၿပီး ဒါကေတာ့ 10MP Sensor ျဖစ္ပါတယ္။ သူ႕ကို S10 နဲ႔ Note 10 ဖုန္းေတြမွာလည္း ေတြ႕ခဲ့ရပါတယ္။

Ref – GSM Arena