[Unicode]

၂၀၂၀ ပြည့်နှစ်ရဲ့ ဇန်နဝါရီလ ကုန်ဆုံးချိန်နီးကပ်လာလေလေ၊ Samsung Galaxy S20 တွေရဲ့ သတင်းတွေက ပိုပြီးထွက်လာလေ ဖြစ်ပါတယ်။ အခုလည်း စမတ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေရောင်းတဲ့ Mobile Fun စတိုးကတစ်ဆင့် Galaxy S20 သုံးမျိုးရဲ့ ပုံစံတူနမူနာတွေကို မြင်တွေ့လာရပါတယ်။

အရင်တစ်ခေါက်တုန်းကတွေ့ခဲ့ကြရတာက 3D CAD မော်ဒယ်တွေပေါ် အခြေခံပြီးပြုလုပ်ထားတဲ့ 3D Printed dummy တွေဖြစ်ပါတယ်။ အခုမြင်တွေ့ရတာကတော့ ကာဗာနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို စမ်းသပ်တပ်ဆင်ရာမှာအသုံးပြုဖို့ တရုတ်မှာရှိတဲ့ ထုတ်လုပ်ရေးစက်ရုံကထုတ်လုပ်ထားတဲ့ တကယ့်အစစ်အမှန်နဲ့ ပုံသဏ္ဍာန်ရောအရွယ်အစားပါတူညီတဲ့ Dummy တွေပဲ ဖြစ်ပါတယ်။

Samsung Galaxy S20 Ultra ဟာ အရင် S စီးရီးရဲ့အစဉ်အလာကို ချိုးဖျက်သွားခဲ့တယ်လို့ ဆိုရမှာပါ။ သူ့ရဲ့အရွယ်အစားဟာ Galaxy Note 10+ နဲ့ တူညီပါတယ်။ Galaxy S20 နဲ့ Galaxy S20+ တို့ကတော့ အစဉ်အလာအတိုင်းလို့ ဆိုနိုင်ပါတယ်။ ဒီဟန်းဆက်နှစ်မျိုးရဲ့ အမြင့်နဲ့အကျယ်ဟာ Galaxy S10 နဲ့ S10+ တွေထက်တော့ အနည်းငယ်ပိုကြီးပါတယ်။ ဒီနှစ်အတွက် “e” မော်ဒယ်မရှိတာကြောင့် Galaxy S20 သုံးမျိုးထဲမှာ S20 က အသေးငယ်ဆုံး ဖြစ်လာပါလိမ့်မယ်။

Galaxy S20 Ultra မှာ ကင်မရာဘောင်ဟာ သိသိသာသာကို ထူပြီးကျယ်ပြန့်တယ်ဆိုတာကို Dummy မှာမြင်တွေ့ရပါတယ်။ နမူနာပုံစံတူတွေဟာ ပေါက်ကြားထားတဲ့ Render တွေနဲ့ အချို့နေရာတွေမှာ အသေးစိတ်အားဖြင့် ကွာခြားမှုရှိပေမယ့် ကင်မရာတွေနေရာချပုံကတော့ တူညီကြပါတယ်။ 3.5mm နားကြပ်ပေါက်နဲ့ Bixby ခလုတ်တို့ ပါဝင်ခြင်းမရှိတော့တာကိုလည်း တွေ့မြင်ရပါတယ်။

Ref: Phone Arena

[Zawgyi]

Samsung Galaxy S20 သုံးမ်ိဳးရဲ႕ ပုံစံတူနမူနာမ်ား ေပါက္ၾကားထြက္ေပၚလာ

၂၀၂၀ ျပည့္ႏွစ္ရဲ႕ ဇန္နဝါရီလ ကုန္ဆုံးခ်ိန္နီးကပ္လာေလေလ၊ Samsung Galaxy S20 ေတြရဲ႕ သတင္းေတြက ပိုၿပီးထြက္လာေလ ျဖစ္ပါတယ္။ အခုလည္း စမတ္ဖုန္းနဲ႔ ဆက္စပ္ပစၥည္းေတြေရာင္းတဲ့ Mobile Fun စတိုးကတစ္ဆင့္ Galaxy S20 သုံးမ်ိဳးရဲ႕ ပုံစံတူနမူနာေတြကို ျမင္ေတြ႕လာရပါတယ္။

အရင္တစ္ေခါက္တုန္းကေတြ႕ခဲ့ၾကရတာက 3D CAD ေမာ္ဒယ္ေတြေပၚ အေျခခံၿပီးျပဳလုပ္ထားတဲ့ 3D Printed dummy ေတြျဖစ္ပါတယ္။ အခုျမင္ေတြ႕ရတာကေတာ့ ကာဗာနဲ႔ အျခားဆက္စပ္ပစၥည္းေတြကို စမ္းသပ္တပ္ဆင္ရာမွာအသုံးျပဳဖို႔ တ႐ုတ္မွာရွိတဲ့ ထုတ္လုပ္ေရးစက္႐ုံကထုတ္လုပ္ထားတဲ့ တကယ့္အစစ္အမွန္နဲ႔ ပုံသ႑ာန္ေရာအ႐ြယ္အစားပါတူညီတဲ့ Dummy ေတြပဲ ျဖစ္ပါတယ္။

Samsung Galaxy S20 Ultra ဟာ အရင္ S စီးရီးရဲ႕အစဥ္အလာကို ခ်ိဳးဖ်က္သြားခဲ့တယ္လို႔ ဆိုရမွာပါ။ သူ႔ရဲ႕အ႐ြယ္အစားဟာ Galaxy Note 10+ နဲ႔ တူညီပါတယ္။ Galaxy S20 နဲ႔ Galaxy S20+ တို႔ကေတာ့ အစဥ္အလာအတိုင္းလို႔ ဆိုႏိုင္ပါတယ္။ ဒီဟန္းဆက္ႏွစ္မ်ိဳးရဲ႕ အျမင့္နဲ႔အက်ယ္ဟာ Galaxy S10 နဲ႔ S10+ ေတြထက္ေတာ့ အနည္းငယ္ပိုႀကီးပါတယ္။ ဒီႏွစ္အတြက္ “e” ေမာ္ဒယ္မရွိတာေၾကာင့္ Galaxy S20 သုံးမ်ိဳးထဲမွာ S20 က အေသးငယ္ဆုံး ျဖစ္လာပါလိမ့္မယ္။

Galaxy S20 Ultra မွာ ကင္မရာေဘာင္ဟာ သိသိသာသာကို ထူၿပီးက်ယ္ျပန႔္တယ္ဆိုတာကို Dummy မွာျမင္ေတြ႕ရပါတယ္။ နမူနာပုံစံတူေတြဟာ ေပါက္ၾကားထားတဲ့ Render ေတြနဲ႔ အခ်ိဳ႕ေနရာေတြမွာ အေသးစိတ္အားျဖင့္ ကြာျခားမႈရွိေပမယ့္ ကင္မရာေတြေနရာခ်ပုံကေတာ့ တူညီၾကပါတယ္။ 3.5mm နားၾကပ္ေပါက္နဲ႔ Bixby ခလုတ္တို႔ ပါဝင္ျခင္းမရွိေတာ့တာကိုလည္း ေတြ႕ျမင္ရပါတယ္။

Ref: Phone Arena