DxOMark ကနေ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Camera ပိုင်းအပြင် Audio Quality ကိုပါ Review ပြုလုပ်ပြီး စစ်ဆေးလာပြီဖြစ်ပါတယ်။ အခုလည်း Samsung Galaxy S20 Plus ဖုန်းရဲ့ Audio Review ကို ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ Review အရ Samsung Galaxy S20 Plus ဟာ ရမှတ်အနေနဲ့ ၆၆ မှတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ဒါက မနှစ်တုန်းက Galaxy Note 10 Plus နဲ့ ရမှတ်တူညီနေသလို အဆင့် ၁၁ မှာရှိနေတဲ့အတွက် Flagship ဖုန်းတစ်လုံးအနေနဲ့ အားနည်းနေတယ်လို့တောင် ပြောလို့ရပါတယ်။

DxOMark ရဲ့ ပြောကြားချက်အရတော့ Galaxy S20 Plus ရဲ့ Audio Quality က Flagship ဖုန်းတစ်လုံးရဲ့ Quality မရှိနေဘူးဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မနှစ်တုန်းက Galaxy S10 Plus လိုမျိုးဖုန်းနဲ့ ယှဥ်မယ်ဆိုရင်တော့ အနည်းငယ်ပိုတိုးတက်လာတယ်လို့ သိရပါတယ်။

Samsung Galaxy S20 Plus ရဲ့ Audio Quality က Mid Range ၊ Treble နဲ့ Soundstage တွေမှာ အဆင်ပြေတယ်ဆိုပေမယ့် Bass အားနည်းပြီးတော့ Gaming Experience ပိုင်းမှာလည်း အားနည်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Voice Recording ပိုင်းမှာတော့ သိသိသာသာကို ကောင်းမွန်လာတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Ref – Gizmo China