မကြာသေးခင်ကပဲ အဆန်းတကြယ် Camera Bump ပုံစံနဲ့ Galaxy S22 Ultra ရဲ့ Renders ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ Renders မှာမြင်တွေ့ရတဲ့ Camera Bump ကို P-shape bump လို့ အမည်ပေးထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြင်ရတွေ့ရတာကတော့ “အဆန်းကြီး” လို့ဆိုချင်စရာပါပဲ။

အခုတော့ Galaxy S22 Ultra ရဲ့ ပြင်ဆင်ထားတဲ့ Renders အသစ် ထပ်ပြီးထွက်ပေါ်လာပြန်ပါတယ်။ အရင် Renders ဟောင်းက ဒီဇိုင်းဟောင်းထက်စာရင် ပိုပြီးဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းတစ်ခုရှိတယ်ဆိုပြီး Ice Universe က တွစ်တာမှာ အစဖော်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အခုမြင်တွေ့ရတဲ့ Revised renders ပုံတွေလည်း ထပ်မံထွက်ပေါ်လာတာပါ။

Renders အသစ်မှာ ပိုပြီးချော့မွေ့တဲ့ ဒီဇိုင်းအနေအထားကိုတွေ့မြင်ရသလို ကျောဘက်က Camera Bump ကိုလည်း မတူညီတဲ့ဒီဇိုင်းနဲ့ Dual Camera Bump အဖြစ် တွေ့မြင်လာရတာ ဖြစ်ပါတယ်။ Revised Renders က Camera Bump ကလည်း သမားရိုးကျပုံစံကနေ ခွဲထွက်နေပေမဲ့ အမြင်မှာတော့ ထူးထူးဆန်းဆန်းကြီးဖြစ်တယ်လို့ မခံစားရပါဘူး။

OnLeaks ကတစ်ဆင့်ထွက်လာတဲ့ ဒီ Renders အရ ကျောဘက်ကင်မရာ နေရာချထားပုံက တူညီတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Camera Bump ကိုတော့ P-shape ပုံစံတစ်ခုတည်းမထားတော့ဘဲ နှစ်ပိုင်းခွဲလိုက်တာပါ။ Galaxy S22 Ultra ထွက်လာတဲ့အခါ အခု Renders သစ်ထဲကအတိုင်း ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: GSM Arena