Samsung Galaxy S22 Ultra ရဲ့ သိုလှောင်မှုပမာဏဟာ 1TB အထိ ရှိနေလိမ့်မယ်ဆိုတဲ့ ကောလာဟလက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနောက်ဆုံးရက်တွေမှာကတည်းက ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ သတင်းရင်းမြစ်နဲ့ပတ်သက်ပြီး ဒီသတင်းရဲ့ တန်ဖိုးက သိပ်ပြီးမမြင့်မားခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီဇင်ဘာလကုန်တုန်းကသတင်းဟာ Samsung ဝန်ထမ်းဟောင်းတစ်ဦးဆီက ထွက်ပေါ်လာတာပါ။ တစ်လကျော် ကြာသွားပြီးတဲ့နောက် Galaxy S22 Ultra ရဲ့ သိုလှောင်မှုပမာဏနဲ့ပတ်သက်တဲ့သတင်းက ပြန်ပြီးလှုပ်ရှားလာပြန်ပါတယ်။ ဒီတစ်ခါတော့ ယုံကြည်စိတ်ချရတဲ့ Leaker Roland Quandt@rquandt က 1TB Storage နဲ့အမျိုးကွဲဟာ ဖြစ်နိုင်ခြေရှိကြောင်း အတည်ပြုခဲ့တာပါ။

Galaxy S22 Ultra ဟာ Samsung ရဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Note စီးရီးဖုန်းဖြစ်တဲ့ Galaxy Note 20 ကို ဆက်ခံတဲ့ S21 Ultra မှာ ပျောက်ဆုံးနေခဲ့တဲ့ S Pen ပေါက်လည်း ပါဝင်လာမယ်လို့ သတင်းထွက်ထားတာပါ။ ဒါ့အပြင် Camera bump လည်း လုံးဝမပါဝင်တဲ့ဒီဇိုင်းလို့လည်း ဆိုနေကြပါသေးတယ်။

Qualcomm Snapdragon 8 Gen 1 ဒါမှမဟုတ် Exynos 2200 ကတော့ ဈေးကွက်ပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။ 6.8-inch ကြီးများတဲ့ မျက်နှာပြင်၊ 120Hz refresh rate နဲ့ 5,000mAh ဘက်ထရီတွေလည်း ထောက်ပံ့ထားမယ်လို့ သိရပါသေးတယ်။ မကြာခင်ကထွက်ပေါ်ခဲ့တဲ့ ပေါက်ကြားသတင်းတွေမှာတော့ 8GB RAM/128GB Storage, 12GB RAM/256GB Storage, 12GB RAM/512GB Storage စတဲ့ ပေါင်းစပ်မှုတွေရှိကြောင်း ဖော်ပြခဲ့ပါတယ်

Leaker ကတော့ Galaxy S22 Ultra 1TB ဗားရှင်းဟာ အမှန်တကယ် ထွက်ပေါ်လာမှာဖြစ်ပေမဲ့ ဈေးကွက်အနည်းငယ်မှာပဲ ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒီသတင်းကို ဦးဆိုသယ်ဆောင်ခဲ့တဲ့ Agarwal ကလည်း 1TB ဗားရှင်းကို “အရေးပါတဲ့ ဥရောပဈေးကွက်” တွေမှာသေချာပေါက်ရမယ်လို့ ဆိုခဲ့တာကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena