လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Galaxy Note စီးရီးကို ဘယ်တော့မှအသစ်ထပ်မြင်ရမှာမဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Samsung စမတ်ဖုန်းတွေရဲ့ အမှတ်အသားတစ်ခုလိုဖြစ်ခဲ့တဲ့ Note တွေရဲ့ဒီဇိုင်းဟာ S စီးရီးသစ်တွေဆီ ရောက်ရှိမယ်လို့လည်း ဆိုခဲ့ပါတယ်။

Galaxy S မှာ Note အငွေ့အသက်တွေ၊ ဒီဇိုင်းတွေ ဘယ်လိုပဲကူးပြောင်းသယ်ဆောင်စေဦးတော့ Built-in S Pen ကိုတော့ မြင်တွေ့ရဖွယ်မရှိဘူးလို့ ခန့်မှန်းခဲ့ကြပါတယ်။ တစ်ဖက်ကကြည့်ပြန်ရင်လည်း S Pen ဟာ Ultra မော်ဒယ်တွေအတွက် သီးသန့်လိုဖြစ်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

S21 Ultra ဟာ Note မဟုတ်ဘဲ S Pen ထောက်ပံ့ခဲ့ပေမဲ့ Stylus အတွက် Special case သုံးနေရတာကတော့ ကသိကအောက်ဖြစ်စရာပါပဲ။ Ultra သစ်ကတော့ ဒီလိုခေါင်းကိုက်ချင်စရာအခြေအနေကို ဖြေရှင်းပေးဖို့ ဒီဇိုင်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုပြုလုပ်လာတယ်လို့ ဆိုပါတယ်။

အရင်ဦးဆုံးပြောရမှာက Display ဟာ 19.3:9 အချိုးဖြစ်တယ်ဆိုတာပါ။ ဒါကြောင့် ဟန်းဆက်ဟာ ပိုကျယ်ပြန့်ပြီး Stylus အတွက် နေရာပိုရလာနိုင်ပါတယ်။ ထောင့်ချိုးတွေက S21 စီးရီးထက် Note တွေရဲ့ပုံစံမျိုး ပိုပြီးနီးစပ်သွားမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်းဆက်ရဲ့ Frame ထဲမှာ Stylus အတွက် နေရာလွတ်တစ်ခုလိုအပ်နေဦးမှာပါ။

Ice Universe ကတော့ ဒီဟန်းဆက်ဟာ 5,000mAh ပမာဏ ဘက်ထရီအသုံးပြုလာမယ်လို့ ဟောကိန်းထုတ်ပါတယ်။ ဒါဟာ Note20 Ultra နဲ့ S21 Ultra တွေထက် 500mAh ပိုများပါတယ်။ အခုအချိန်အထိတော့ Built-in S Pen ပါဝင်တဲ့ Samsung Galaxy S22 Ultra ရဲ့ ခိုင်လုံတဲ့ Renders ကိုတော့ မမြင်တွေ့ရသေးပါဘူး။ S22 စီးရီးကို ဖြန့်ချိမဲ့အချိန်က လာမဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလပိုင်းလောက်ဖြစ်နိုင်တာကြောင့် ယုံကြည်စိတ်ချရတဲ့အချက်အလက်တွေထွက်ပေါ်လာဖို့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena