Samsung ဟာ ယခုနှစ်အစောပိုင်းမှာ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S23 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Galaxy S23 Series ဖုန်းတွေရဲ့ ထူးခြားချက်တစ်ခုက Processor ပိုင်းမှာ ကိုယ်ပိုင် Exynos Chipset တွေကို လုံးဝအသုံးပြုခြင်းမရှိသလို Qualcomm နဲ့ပူးပေါင်းပြီး Snapdragon 8 Gen 2 for Galaxy ဆိုပြီး သီးသန့် Chipset ကိုအထူးပြုလုပ်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ နောက်ပိုင်း Flagship ဖုန်းတွေမှာ Exynos Chipset အစား Snapdragon Chipset တွေကိုပဲ အသုံးပြုမယ်ဆိုပြီး ယူဆရပေမယ့် အခုထွက်ပေါ်လာတဲ့သတင်းတွေအရ မဟုတ်တော့တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Samsung ဟာ Galaxy S23 Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာမယ့် Galaxy S23 FE ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး US အပါအဝင် တကမ္ဘာလုံးမှာ Qualcomm Snapdragon Chipset အစား ကိုယ်ပိုင် Exynos Chipset ကိုပဲ အသုံးပြုဖို့ စီစဥ်နေတာကြောင့်ဖြစ်ပါတယ်။

အဆိုပါ သတင်းကို Samsung နဲ့ ပတ်သက်တဲ့သတင်းတွေကို ထုတ်ပြန်နေကြ Media တစ်ခုဖြစ်တဲ့ SamMobile ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပါတ်အတွင်းမှာ Galaxy S23 FE ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Galaxy S23 FE ဖုန်းမှာ အသုံးပြုလာမယ့် Exynos Chipset ဟာ မနှစ်တုန်းက တချို့သော Region တွေမှာ ရောင်းချခဲ့တဲ့ Galaxy S22 Series ဖုန်းတွေမှာပါဝင်တဲ့ Exynos 2200 Chipset ကို အနည်းငယ်ပြင်ဆင်ထားမှာဖြစ်ပါတယ်။

Samsung Galaxy S23 FE ဖုန်းဟာ Exynos Chipset ကို အသုံးပြုလာမယ့်အပြင် 50MP Primary Camera ၊ 4500mAh Battery နဲ့ 128GB သို့မဟုတ် 256GB Storage တွေပါဝင်လာမယ်လို့ သိရပါတယ်။

Ref – 9to5Google