Gorilla Glass Victus 2 ဟာ ၂၀၂၀ ခုနှစ်ထွက် Gorilla Glass Victus ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Corning က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ Victus 2 ကို ကြေညာခဲ့ပြီး အရင်မျိုးဆက်ထက် အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ပိုမို ခံနိုင်ပါတယ်။ Gorilla Glass Victus 2 ကို နောက်ထွက်မယ့် စမတ်ဖုန်းတွေမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး Samsung Galaxy S23 Series မှာ အရင်ဆုံးပါလာမယ်လို့ Corning က အတည်ပြုလိုက်ပါတယ်။

Gorilla Glass Victus | Toughest Gorilla Glass Yet | Corning Gorilla Glass

Gorilla Glass Victus 2 ဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေ အပေါ်မှာ ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပြီး Victus+ လို ခြစ်ရာတွေကို ခံနိုင်ပါတယ်။ ကမ္ဘာမှာ အသုံးအများဆုံး ကွန်ကရစ်ကြမ်းပြင်ပေါ် ပြုတ်ကျတာကို ခံနိုင်တယ်လို့ကုမ္ပဏီက ပြောပါတယ်။

Corning Gorilla Glass Victus 2 debuts to re-define tough for next-gen smartphones - NotebookCheck.net News

Samsung Electronics ရဲ့ Mobile eXperience Business မှ Marketing Officer နဲ့ ဒုတိယ ဥက္ကဌ Stephanie Choi က Samsung ဟာ စမတ်ဖုန်း စွမ်းဆောင်ရည် တိုးတက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာကို လျှော့ချဖို့အတွက် Corning လို ပါတနာတွေနဲ့ အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။

Corining ရဲ့ Gorilla Glass Victus+ ကို ၂၀၂၂ ခုနှစ်မှာ ရောင်းချခဲ့တဲ့ Galaxy S22 မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Corning က Victus 2 ရဲ့ အမြင့်က ပြုတ်ကျတာကို ခံနိုင်တဲ့ စွမ်းရည်ဟာ 80 grit မှာ 1m နဲ့ 180 grit မှာ 2m အထိ တိုးတက်လာတယ်လို့ ပြောပါတယ်။ Victus 2 ဟာ ခြစ်ရာခံနိုင်တဲ့ စွမ်းရည်ဟာ ၄ ဆ ပိုကောင်းလာပါတယ်။

Ref : gizmochina