Samsung ရဲ့ Galaxy S flagship စီးရီးတွေမှာ In-house Exynos ထက် ပြိုင်ဘက် Qualcomm ရဲ့ Snapdragon Chipset တွေကို ပိုပြီးသုံးနေရတာ ငြင်းလို့မရပါဘူး။ ဒီနှစ်မှာလည်း ဥရောပယူနစ်တွေပဲ Exynos 2200 ရရှိခဲ့ပြီး ကျန်ဈေးကွက်တွေမှာတော့ Snapdragon 8 Gen 1 တွေကို အသုံးပြုထားရတာပါ။

Qualcomm ရဲ့ အမှုဆောင်အရာရှိချုပ် Cristiano Amon က S22 ယူနစ်တွေရဲ့ ၇၅% ကို Snapdragon Chip အသုံးပြုထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအချိုးစားဟာ လာမဲ့နှစ်မှာ မြင့်တက်လာမှာဖြစ်ပြီး Galaxy S23 စီးရီးမှာ Snapdragon 8 Gen 2 ကိုပဲ သီးသန့်အသုံးပြုလာမယ်ဆိုတဲ့အကြောင်းကို လေ့လာဆန်းစစ်သူတွေက အခိုင်အမာပြောဆိုနေကြပြီး စီအီးအိုကလည်း ဒါကိုလုံးဝငြင်းဆိုခြင်း မပြုပါဘူး။

Qualcomm ရဲ့ Samsung နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ “Galaxy books, Windows PCs, Galaxy tablets, အနာဂတ်မှာ ပါဝင်လာမဲ့ Reality devices တွေနဲ့ အခြား Devices” တွေပါဝင်တယ်လို့ Amon က ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီနှစ်ခုဟာ 3G, 4G, 5G (6G လည်းပါ) Devices တွေ အကျုံးဝင်တဲ့ မူပိုင်ခွင့်လိုင်စင်သဘောတူညီချက်ကို ၂၀၃၀ အထိ သက်တမ်းတိုးခဲ့ကြပါသေးတယ်။

ဒါဟာ Exynos ဌာနခွဲအတွက် အဆုံးသတ်တော့ ဟုတ်ဟန်မတူပါဘူး။ ကုမ္ပဏီအနေနဲ့ Mid-range နဲ့ Entry-level Exynos chips တွေအတွက် ဖောက်သည်သစ်တွေ ရှာဖွေဖို့လည်း လိုအပ်နေပါသေးတယ်။ တရားဝင်အတည်မပြုနိုင်သေးပေမဲ့ Samsung ဟာ စမတ်ဖုန်း Chipset သစ် အတွက် အဖွဲ့တစ်ဖွဲ့ကို စုစည်းဖွဲ့စည်းထားတယ်လို့ သတင်းထွက်နေပါတယ်။

Ref: GSM Arena