Samsung Galaxy S24 Ultra ဟာ ၂၀၂၄ ခုနှစ်ရဲ့ အကောင်းဆုံး စွမ်းရည်မြင့် ဖုန်း ၁ လုံး ဖြစ်ပါတယ်။ ဒါပေမယ့် S Pen ကနေ ပလတ်စတစ် မီးလောင်တဲ့ အနံ့တွေ ထွက်နေတယ်လို့ Galaxy S24 Ultra ပိုင်ရှင်တွေက ပြောနေကြပါတယ်။

Galaxy S24 Ultra

Reddit မှာ LatifYil အမည်ရ User က အဲဒီ ပြဿနာကို ပို့စ်တင်ပြီးနောက်မှာ တခြား User တွေကလည်း သူတို့မှာလည်း ဖြစ်နေတယ်လို့ အတည်ပြုခဲ့ကြပါတယ်။ တချို့က အနံ့အသက်ဟာ တော်တော် မကောင်းဘူးလို့ ပြောကြပါတယ်။ တချို့က ဒါဟာ S Pen ရဲ့ ဓာတုဗေဒ Coating ကြောင့်လို့ ပြောပါတယ်။

Samsung Galaxy S24 Ultra | Features & Highlights | Samsung US

ဒါပေမယ့် Samsung ရဲ့ ဥရောပ ဖိုရမ်မှ Moderator က ဒီကိစ္စကို အသေးစိတ်  ရှင်းပြလိုက်ပါတယ်။ သူက “ S Pen ရဲ့ ဖုန်းအတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ နီးကပ်တဲ့ Proximity ကြောင့် သိမ်းထားတဲ့အခါမှာ အပူလွန်ကဲတာ ဖြစ်ပါတယ်။ နေပူထဲမှာ ရပ်ထားတဲ့ ကားကနေ ပလတ်စတစ် အနံ့ထွက်တာနဲ့ တူညီပါတယ်။ “ လို့ ပြောပါတယ်။

S24 Ultra မှာတင်မကဘဲ Galaxy S23 Ultra နဲ့ S22 Ultra တို့လို အရင်မျိုးဆက်တွေမှာလည်း အလားတူ ပြဿနာ ရှိခဲ့ဖူးတယ်လို့ 9to5Google က ပြောပါတယ်။ တန်ဖိုးကြီး Galaxy S24 Ultra လို ဖုန်းမှာ ဒီလို ညှော်နံ့ထွက်နေတာကတော့ ဖီးကျဲစရာပေါ့ဗျာ။

Ref : gizmochina