ပြင်သစ် အိုလံပစ် ပွဲတော်ကို ကမ္ဘာအဝန်းမှ အားကစား ချစ်သူတွေ လာရောက် ကြည့်ရှုနေကြပါတယ်။ ဒါပေမယ့် အများစုက နေအိမ်ကနေ ကြည့်ရှုနေကြပြီး Samsung က အိမ်ကနေ ကြည့်သူတွေအတွက် အကောင်းဆုံး ရိုက်ကူးပေးနေပါတယ်။

Galaxy S24 Ultras were used to film the sailing competition at the 2024  Olympic games - GSMArena.com news

လက်ရှိမှာ မာဆေး အနားမှ ရေပြင်မှာ ရွက်လှေပြိုင်ပွဲကို ကျင်းပနေပါတယ်။ Samsung နဲ့ ပွဲ ကျင်းပသူတွေက Samsung Galaxy S24 Ultra ဖုန်းတွေကို အသုံးပြုကာ ရွက်လှေပြိုင်ပွဲကို ဗီဒီယို ရိုက်ကူးနေကြပါတယ်။

အဲဒီဖုန်းတွေကို ရွက်လှေ ထိပ်ဖျားမှာ တပ်ဆင်ထားပြီး ပြိုင်ပွဲဝင် အားကစားသမားတွေကို အနီးကပ် ရိုက်ကူးနေကြပါတယ်။ ရေလှိုင်းစီး ပြိုင်ပွဲတွေမှာတော့ အားကစားသမားတွေရဲ့ ပုခုံးမှာ Galaxy S24 Ultra ဖုန်းတွေကို ချိတ်ပေးထားကြပါတယ်။

Galaxy S24 Ultras were used to film the sailing competition at the 2024  Olympic games - GSMArena.com news

Samsung Galaxy S24 Ultra မှာ Optical Image Stabilization နည်းပညာ ပါလာပြီး ဗီဒီယိုတွေကို တုန်ခါမှုမရှိဘဲ ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ 5G ဆက်သွယ်မှုက တည်ငြိမ်တဲ့ Livestream ကို ထုတ်လွှင့်ပေးနိုင်ပါတယ်။

Ref : gsmarena