Samsung က စွမ်းရည်မြင့် Galaxy S25, S25+ နဲ့ S25 Ultra ကို ကြေညာလိုက်ပါတယ်။ Samsung ရဲ့ AI Feature အသစ်များစွာ ထည့်သွင်းထားပြီး One UI 7 ကို အသားပေးထားပါတယ်။
AI Feature အကြောင်းစပြောရရင် သင့်ဖုန်းဟာ အခုဆိုရင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်လို အလုပ်လုပ်ပေးနိုင်ပြီး အရေးကြီး သတင်းအချက်အလက်တွေကို တစ်နေရာထဲမှာ ပြသပေးပါတယ်။ Samsung က အဲဒီ Feature ကို Now Brief လို့ အမည်ပေးထားပါတယ်။
နောက်ထပ် Feature တစ်ခုက NowBar ဖြစ်ပြီး Lock Screen မှာ အရေးကြီး သတင်းအချက်အလက် တချို့ကို ပြသပေးပါတယ်။ Time to go က ချိန်းဆိုထားတာကို မလွတ်သွားအောင် သတိပေးနိုင်ပါတယ်။ Galaxy AI က ပိုမို အစွမ်းထက်လာပြီး ဖုန်းပြောတဲ့ စကားတွေကို အကျဉ်းချုပ် ပြသပေးနိုင်ပါတယ်။
ပါဝါ ခလုတ်ကို ဖိထားပြီး Gemini ကို ဆင့်ခေါ်နိုင်ပါတယ်။ Circle to Search က ဖုန်းနံပါတ်၊ အီးမေးနဲ့ URLs တွေကို သိလာနိုင်ပါတယ်။ Multimodal AI Agents က စာသား၊ အသံ၊ ဓါတ်ပုံနဲ့ ဗီဒီယိုကို ဘာသာပြန်ပေးနိုင်ပါတယ်။
ဒီအလုပ်အားလုံးကို Snapdragon 8 Elite Chip အသစ်က ပြုလုပ်ပေးပြီး Chip ဟာ အရင်မျိုးဆက်ထက် NPU စွမ်းရည် ၄၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။
Galaxy S25 Ultra မှာ 6.9” QHD+ Dynamic AMOLED 2X Display တပ်ဆင်ထားပြီး ဘေးဘောင်တွေ ပိုပါးလာတဲ့အတွက် ခေတ်ရှေ့ပြေး ဒီဇိုင်း ပိုဆန်လာပါတယ်။ Display ကို ပိုမာကျောတဲ့ Corning Gorilla Armor 2 နဲ့ ကာကွယ်ထားပါတယ်။ အလင်းပြန်တာကို ကာကွယ်ပေးတဲ့ Coating က ပိုကောင်းလာပြီး နေရောင်ထဲမှာ ဖုန်းသုံးလို့ ပိုကောင်းလာပါတယ်။ Peak Brightness ကတော့ 2,600 Nits ဖြစ်ပါတယ်။ Samsung က Display System ပိုကောင်းစေတဲ့ “ProVisual Engine “ ထည့်ထားတယ်လို့ ပြောပြီး Battery သက်တမ်း ပိုကောင်းလာပါတယ်။ Battery ပမာဏက 5,000mAh ဖြစ်ပါတယ်။
ကင်မရာအကြောင်းပြောရရင် 200MP Main , 50MP Telephoto , 50MP Ultrawide နဲ့ 10MP Midrange Zoom တပ်ဆင်ထားပြီး အရှေ့ ကင်မရာက 12MP ဖြစ်ပါတယ်။ Titanium Black, Titanium Gray, Titanium Silverblue, နဲ့ Titanium Whitesilver အရောင်တွေ ထုတ်လုပ်ထားပြီး အမေရိကန်မှ ဈေးနှုန်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- 12GB+256GB: $1300
- 12GB+512GB: $1420
- 12GB+1TB: $1650
Galaxy S25 Series ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : Gizmochina