Samsung Electronic ဟာ သူ့ရဲ့ ဒုတိယသုံးလပတ် ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာကို ဒီလ သီတင်းပတ်နှောင်းပိုင်းမှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ထားရပါတယ်။ လေ့လာသူတွေကတော့ ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့နှစ် အလားတူကာလထက် လည်ပတ်အမြတ်ငွေ ၁၅.၆% တိုးလာမယ်လို့ ခန့်မှန်းထားကြကြောင်း Yonhap News က ဖော်ပြပါတယ်။

လူသုံးအီလက်ထရွန်းနစ်ပစ္စည်း ရောင်းအားကျဆင်းနေပေမဲ့ ဒီလိုခန့်မှန်းကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလကနေ ဇွန်လအတွင်း စမတ်ဖုန်းအလုံးရေ ၆၁ သန်းနီးပါး တင်ပို့ရောင်းချရမှုမှာ ပြီးခဲ့တဲ့နှစ် ၃ လပိုင်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၁၆% ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ ကိုရီးယားဝမ် ၂.၆ ထရီလီယံ (ဒေါ်လာ ၃ ဘီလီယံ) ကလည်း ပြီးခဲ့တဲ့နှစ်ကထက် ကိုရီးယားဝမ် ဘီလီယံ ၆၀၀ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

Samsung ရဲ့ Display Panel လုပ်ငန်းကလည်း လွန်ခဲ့တဲ့နှစ် ကိုရီးယားဝမ် ၁.၃ ထရီလီယံထက် ကျဆင်းသွားပြီး ခန့်မှန်းလုပ်ငန်းအမြတ် ကိုရီးယားဝမ် ၁ ထရီလီယံ (ဒေါ်လာ သန်း ၇၆၀) နဲ့အတူ ဝယ်လိုအား နည်းလာတာကို တွေ့ရပါတယ်။ အိမ်သုံးပစ္စည်းတွေက ပိုပြီးကြီးမားတဲ့ကျဆင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေဟာ ကိုရီးယားဝမ် ဘီလီယံ ၅၀၀ အဖြစ် တစ်ဝက်အထိ ကျဆင်းသွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ Samsung ရဲ့ Chip လုပ်ငန်းဟာ စားသုံးသူထုတ်ကုန်တွေအတွက် နိမ့်ကျတဲ့ ဝယ်လိုအားအတွက် ဖန်တီးထားတာမျိုးထက် ပိုပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ ၄၂% တိုးတက်လာပြီး လုပ်ငန်းလည်ပတ်အမြတ်ငွေ ကိုရီးယားဝမ် ၉.၈ ထရီလီယံ (ဒေါ်လာ ၇.၅ ဘီလီယံ) တိုးလာမယ်လို့ ခန့်မှန်းနေကြပါတယ်။

DRAM chips တွေ တင်ပို့ရောင်းချမှုဟာ ၉% မြင့်တက်လာခဲ့ပြီး NAND flash Chip တွေအတွက် လိုအပ်ချက်ဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ၂% တိုးလာပါတယ်။ Samsung ရဲ့ ဒုတိယနှစ်ဝက် စုစုပေါင်းရောင်းအားမှာ ကိုရီးယားဝမ် ၇၆.၈ ထရီလီယံ (ဒေါ်လာ ၅၈.၄ ဘီလီယံ) ၂၀.၅% ဖြစ်ပြီး ဒီအတွက် လည်ပတ်အမြတ်ငွေဟာ ကိုရီးယားဝမ် ၁၄.၅ ထရီလီယံ (ဒေါ်လာ ၁၁ ဘီလီယံ) ရှိပြီး ၂၀၂၁ ဒုတိယသုံးလပတ်နဲ့နှိုင်းယှဉ်ရင် ၁၅.၆% တိုးလာမှာ ဖြစ်ပါတယ်။

Ref: GSM Arena