ပြီးခဲ့တဲ့နိုဝင်ဘာလအစောပိုင်းကတည်းက Samsung ဟာ Galaxy M62 ထုတ်လုပ်ဖို့အတွက် လုပ်ဆောင်နေကြောင်း သတင်းထွက်ခဲ့ပါတယ်။ နာမည်အရ ဒီ Device ဟာ Mid-range ထဲမှာပဲ ရှိမယ်လို့ ယူဆခဲ့ကြပါတယ်။ အခုထွက်လာတဲ့သတင်းမှာတော့ ဒါဟာ စမတ်ဖုန်းမဟုတ်ဘဲ တက်ဘလက်တစ်ခုဖြစ်တယ်လို့ ဖော်ပြလာပြန်ပါတယ်။

Galaxy M စီးရီးဟာ Samsung ရဲ့ Online-exclusive device lineup ဖြစ်တာကြောင့် Offline မှာတော့ အကန့်အသတ်နဲ့ပဲရှိနေမှာပါ။ အခုအချိန်ထိ ဒီစီးရီးမှာရှိတဲ့ Device တွေအားလုံးဟာ Entry-level, Budget နဲ့ Mid-range စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်နံပါတ် Sm-M625F နဲ့ Galaxy M62 ကိုလည်း ဟန်းဆက်လို့ပဲ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

အကယ်၍ အခုထွက်လာတဲ့သတင်းသာ အမှန်ဖြစ်မယ်ဆိုရင် ဒါဟာ Galaxy M စီးရီးမှာ ပထမဆုံးသော တက်ဘလက် ဖြစ်လာပါလိမ့်မယ်။ 91Mobiles ရဲ့ သတင်းရင်းမြစ်အရ ဒီ Device ကို Galaxy Tab M62 အနေနဲ့ တရားဝင်ရောင်းချမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ Galaxy Tab M62 နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဘာမှမသိရသေးပါဘူး။ ခန့်မှန်းခြေအားဖြင့် အရွယ်အစားဟာ Compact ဖြစ်မယ်၊ သိုလှောင်မှုပမာဏက 256GB အမျိုးအစားလောက်ရှိမယ်ဆိုတာလောက်ပါပဲ။

လက်ရှိအချိန်မှာ Samsung ရဲ့ တက်ဘက်လက်စီးရီးက နှစ်မျိုးရှိပါတယ်။ Premium နဲ့ Mid-tier မော်ဒယ်တွေဖြစ်ပြီး Galaxy Tab S အမည်နဲ့ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ Budget မော်ဒယ်တွေဟာ Galaxy Tab A အမည်အောက်ကနေ ထွက်နေတာ ဖြစ်ပါတယ်။ Galaxy M စီးရီးဟာ Galaxy A စီးရီးနဲ့ သဘောသဘာဝချင်း ခပ်ဆင်ဆင်ဖြစ်တာကြောင့် Galaxy Tab M62 ကိုလည်း Budget Tablet အနေနဲ့ မျှော်လင့်နိုင်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖြန့်ချိခဲ့တဲ့ Galaxy J စီးရီးရဲ့ တစ်ခုတည်းသော တက်ဘလက်ဖြစ်တဲ့ Galaxy J Max ကို ဆက်ခံမယ့် အမျိုးအစားလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Ref: Gizmochina

https://www.youtube.com/watch?v=9U8g3K4k4g4