Samsung ဟာ ဩဂုတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ဒီ ၂၀၂၁ ရဲ့ နောက်ဆုံး Galaxy Unpacked Event ကို ပြုလုပ်သွားတော့မှာပါ။ Samsung ရဲ့ Galaxy Unpacked Event တွေက အမြဲတမ်း Stage Design တွေအရရော၊ မိတ်ဆက်တဲ့ Product တွေကပါ တကယ်ကို Flagship Product တွေပဲဆိုတော့ စိတ်ဝင်စားဖို့တော့ တော်တော်လေးကို ကောင်းနေပါတယ်။

အခုလည်း ဒီနှစ်ရဲ့ Galaxy Unpacked Event က နီးလာပြီဆိုတော့ ဘာ Product တွေမိတ်ဆက်လာမယ်၊ ဘယ်လိုမျိုး နည်းပညာအသစ်တွေကို မျှော်လင့်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လာမယ့် Galaxy Unpacked Event မှာ ထူးခြားချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ ပုံမှန်ဆိုရင် ဒီချိန်မှာ Galaxy Note Sereis ဖုန်းအသစ်တွေကို မိတ်ဆက်နေကျဖြစ်ပေမယ့် အခုနှစ်မှာတော့ Galaxy Note Series ဖုန်းတွေကို လုံးဝမိတ်ဆက်မှာမဟုတ်ဘူးလို့ သတင်းတွေထွက်နေပါတယ်။ ဒါကလည်း လက်ရှိ တကမ္ဘာလုံးမှာဖြစ်နေတဲ့ Chipset အခက်အခဲကြောင့်ပဲလား၊ ဒါမှမဟုတ် Samsung ကပဲ Note Series ကို ထပ်မထုတ်တော့ဘူးလားဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒီအတွက် အဖြေကိုလည်း Galaxy Unpacked Event မှာ ပြောသွားမယ်လို့ ယူဆရပါတယ်။

အဲ့တော့ ဒီ Galaxy Unpacked Event ရဲ့ Event Tagline ကိုက “Get ready to unfold” ဆိုတဲ့အတိုင်း Foldable ဖုန်းတွေကိုပဲ အဓိကမိတ်ဆက်သွားမှာကတော့ သေချာနေပါပြီ။ ပြောရရင် Samsung က ဒီနှစ်မှာဆိုရင် Foldable ဖုန်းတွေကို မိတ်ဆက်လာတာ ၃ နှစ်၊ Third Generation တောင်ရှိပြီလို့ ပြောလို့ရပါတယ်။ အဲ့တော့ Feature ပိုင်းတွေမှာ တကယ်အသစ်အဆန်းတွေကို မြင်တွေ့ရဖို့ကတော့ ကျိန်းသေနေပါပြီ။

Galaxy Z Fold 3 Concept Design (Leaked Image)

အခုနောက်ဆုံးသတင်းတွေထွက်ပေါ်ထားတာက Galaxy Z Fold 3 ဖုန်းမှာ S Pen Support လုပ်လာမယ်၊ ပြီးတော့ Samsung အနေနဲ့ ပထမဆုံး Under Display Camera ကို စပြီးအသုံးပြုလာမယ်ဆိုပြီး သိရပါတယ်။ ဒီလိုမျိုး S Pen Support လုပ်တာက Foldable ဖုန်းအနေနဲ့ဆို ပုံမှန် Note Series ဖုန်းမှာ သုံးတာထက်တောင် ပိုကောင်းနိုင်မယ်လို့ ယူဆရပါတယ်။ နဂိုထဲကမှ 8” Display နီးပါး Tablet Size ဖြစ်သွားတာကို အခုလိုမျိုး S Pen Support ပါရလာမယ်ဆိုရင် Note Series Fan တွေတော်တော်များများ Z Fold 3 ဘက်ကိုတောင် ရောက်သွားနိုင်ပါတယ်။ ပြီးတော့ Samsung ရဲ့ ပထမဆုံး Under Display Selfie Camera ဆိုတာကလည်း တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

နောက်ထပ် Samsung က Foldable Phone နောက်တစ်လုံးကိုပါ မိတ်ဆက်လာမယ်လို့လည်း သိရတယ်။ ဒါကတော့ မနှစ်တုန်းက မြန်မာနိုင်ငံမှာလည်း တော်တော်လေးအောင်မြင်မှုရခဲ့တဲ့ Galaxy Z Flip ရဲ့ မျိုးဆက်သစ် Z Flip 3 ဖြစ်လာမှာပါ။ Z Flip 3 ကတော့ Z Fold 3 လောက် S Pen Support တွေ၊ Under Display Camera Feature တွေပါလာမယ်လို့ သတင်းတွေမထွက်ထားပေမယ့် Feature တွေ၊ Performance ပိုင်း၊ Design ပိုင်းမှာတော့ တော်တော်လေးကို ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။

Galaxy Z Flip 3 Concept Design (Leaked Image)

Samsung က ဒီ Foldable ဖုန်းတွေမှာ လုံးဝ Major Upgrade တစ်ခုကိုလည်း လုပ်လာဦးမယ်လို့ သိရပါတယ်။ ဒါကဘာလဲဆိုရင် ပထမဆုံးအနေနဲ့ Foldable ဖုန်းတွေမှာ Water Resistant Rating ပါဝင်လာမှာပါ။ လုံးဝအတည်ပြုနိုင်သေးတာတော့မဟုတ်ပေမယ့် တကယ်သာ Water Resistant Rating ပါလာပြီဆိုရင် Foldable ဖုန်းဖြစ်နေလို့ တခြား Flagship ဖုန်းတွေလို ရေစိုမခံဘူးဆိုတာက အားနည်းချက်ဖြစ်နေတော့မှာမဟုတ်ပါဘူး။

Samsung Galaxy Foldable ဖုန်းအသစ်တွေမှာ လူစိတ်အဝင်စားဆုံးဖြစ်တဲ့ စျေးနှုန်းအနေနဲ့ကတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။ ပုံမှန်အားဖြင့် Samsung ဟာ Foldable ဖုန်းအသစ်တွေကို ယခင်ထက် စျေးသက်သာအောင်မိတ်ဆက်တတ်တဲ့အတွက် အခု Galaxy Z Fold 3 ဖုန်းဟာ ဒေါ်လာ ၁,၂၀၀ ကနေ ၁၄၀၀ ကြား (မြန်မာငွေ ၁၈ သိန်းကနေ ၂၂ သိန်းဝန်းကျင်) ရှိလာနိုင်ပြီး Galaxy Z Flip 3 ကတော့ ဒေါ်လာ ၁,၀၀၀ ဝန်းကျင် (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ Samsung Myanmar Page ကနေ မိတ်ဆက်ပြီး ရက်ပိုင်းအတွင်း တရားဝင်စျေးနှုန်းကို ကြေညာသွားမယ်လို့ ခန့်မှန်းရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Samsung ရဲ့ Unpacked Event တိုင်းလိုလိုမှာ မိတ်ဆက်နေကျ Galaxy Smartwatch အသစ်တွေ၊ ပြီးတော့ Galaxy Buds Earbuds အသစ်တွေကို မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ Galaxy Watch ဆိုရင် မကြာသေးခင်တုန်းကမှ Google Wear OS နဲ့ပေါင်းထားတယ်ဆိုတော့ Software ပိုင်းမှာ အရင်ကထက် အများကြီးပိုကောင်းလာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုပြောသွားတာတွေကတော့ Samsung ကနေ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမယ့် Galaxy Unpacked Event နဲ့ ပတ်သက်ပြီး ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကို အနည်းငယ်ရေးသားထားတာဖြစ်ပါတယ်။ Galaxy Unpacked Event ကို စိတ်ဝင်စားလို့ ကိုယ်တိုင်ကြည့်ရှုချင်တယ်ဆိုရင်တော့ Samsung Official YouTube Channel ၊ Samsung Myanmar ရဲ့ Facebook Page သို့မဟုတ် “www.samsung.com/mm” Website ကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Samsung Galaxy Product အသစ်တွေကို စိတ်ဝင်စားတယ်ဆိုရင် Galaxy Buds Pro ကို ကံထူးနိုင်မယ့်အခွင့်အရေးကိုလည်း Samsung Myanmar ကနေ ပြုလုပ်ပေးထားပါသေးတယ်။ အသေးစိတ်ကိုတော့ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

https://www.samsung.com/mm/offer/next-galaxy-unpacked-invitation/

အဲ့ဒီအတွက် Galaxy Note Series ကို အစားထိုးလာမယ့် Galaxy Z Fold 3 က စျေးနှုန်းပိုင်းမှာရော ဘယ်လိုမျိုးရှိလာမလဲ၊ တခြား Samsung ကနေ ဘယ်လိုမျိုး Feature အသစ်တွေ၊ Limited Edition အသစ်တွေ မိတ်ဆက်လာမလဲဆိုတာကတော့ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့ Galaxy Unpacked Event မှပဲ အသေးစိတ်ကြည့်ရှုရမှာပါ။