Samsung ကနေ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာပြုလုပ်တဲ့ Galaxy Unpacked Event မှာ Galaxy Note 20 Series ၊ Tab S7 Series ၊ Galaxy Z Fold 2 ၊ Galaxy Buds Live နဲ့ Galaxy Watch 3 Smartwatch အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အဆိုပါ Device အသစ်တွေထဲကမှ Galaxy Watch 3 နဲ့ပတ်သက်ပြီးတော့ သတင်းတွေပေါက်ကြားခဲ့ပြီးဖြစ်ပေမယ့် အခုအချိန်မှာ Hands-on Video ပါထွက်ရှိလာပြီဖြစ်ပါတယ်။ ယခု Hands-on Video ကိုတော့ TechTalk TV လို့အမည်ရတဲ့ YouTube Channel ကနေ တင်ထားခဲ့တာလည်းဖြစ်ပါတယ်။

 

Galaxy Watch 3 ဟာ Size အနေနဲ့ 41mm ရှိမှာဖြစ်ပြီး 1.2″ AMOLED Display ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘေးဘက်မှာလည်း Control အတွက် Outer Bezel တစ်ခုပါဝင်မှာဖြစ်ပြီး ယခင် Galaxy Watch တွေထက် အရွယ်အစားပိုသေးငယ်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 5ATM Water Resistant နဲ့ IP68 Water & Dust Resistant Rating ပါဝင်မှာဖြစ်ပါတယ်။

တခြား Hardware ပိုင်း Specification တွေအနေနဲ့ကတော့ 1GB RAM နဲ့ 8GB Storage ပါဝင်မှာဖြစ်ပြီး Stainless Steel Frame နဲ့ Leather Strap တွေကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ECG Measurement Sensor နဲ့ Blood Pressure Monitor လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်တဲ့အတွက် Apple Watch Series 5 လိုမျိုး Smartwatch တွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်မယ့်ပုံစံပါပဲ။

Ref – 9to5Google