Samsung ဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့မှာ Foldable စမတ်ဖုန်းသစ်နှစ်မျိုးဖြစ်တဲ့ Galaxy Z Flip 3 နဲ့ Galaxy Z Fold 3 တို့ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီ Foldable သစ်နှစ်မျိုးစလုံးရဲ့ ဒီဇိုင်းနဲ့ အစိတ်အပိုင်းတွေအကြောင်းကလည်း ပေါက်ကြားထွက်ပေါ်နှင့်ပြီး ဖြစ်ပါတယ်။

Galaxy Z Fold 3 မှာ S Pen ထောက်ပံ့မှုပါမယ်ဆိုတဲ့ ကောလာဟလကတော့ မကြာခင်ကထွက်ပေါ်လာတဲ့ FCC certification ကြောင့် အတည်ပြုချက်ရသွားခဲ့ပါပြီ။ အခု FCC ကတစ်ဆင့် ထပ်ပြီးအတည်ပြုနိုင်တာက Galaxy Z Flip 3 နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ပဲ ဖြစ်ပါတယ်။

Galaxy Z Flip 3 ရဲ့ US ဈေးကွက်အမျိုးအစားဟာ မော်ဒယ်နံပါတ် SM-F711U နဲ့ SM-F711U1 တို့ ဖြစ်ကြပါတယ်။ စာရွက်စာတမ်းတွေအရ Z Flip 3 ဟာ 5G Band ၁၁ ခု၊ LTE bands ၁၅ ခု၊ Dual-band Wi-Fi 6, Bluetooth (EDR, LE) နဲ့ 9W Qi wireless charging တွေကို ထောက်ပံ့မယ်ဆိုတာ သိရှိအတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကထွက်ပေါ်ထားတဲ့ (CCC) certification အရ 15W အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်ဆိုတာကိုလည်း သိခဲ့ရပြီး ဖြစ်ပါတယ်။

အစောပိုင်းပေါက်ကြားသတင်းတွေအရ Galaxy Z Flip 3 ဟာ 6.7-inch Full HD + Super AMOLED Infinity-O မျက်နှာပြင်၊ 120Hz refresh rate နဲ့ HDR10+ ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Cover display ကတော့ အရင် Z Flip ထက်ပိုကြီးမယ်လို့ ဆိုပါတယ်။ Snapdragon 888, 8GB of RAM နဲ့ သိုလှောင်မှုပမာဏ 256GB တို့ကို ထောက်ပံ့ထားပြီး ဘက်ထရီပမာဏကတော့ 3,300mAh ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကလည်း Galaxy Z Flip ထက် ၂၀% သက်သာမယ်လို့ ဆိုနေပြန်ပါသေးတယ်။

Foldable screen ထက်မှာတော့ 10MP selfie ကင်မရာတစ်လုံးတပ်ဆင်ထားပြီး၊ ကျောဘက်မှာတော့ 12MP+12MP dual-camera ကို တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ နှစ်ဘက်စလုံးကကင်မရာတွေအားလုံးဟာ 4K 60fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ်လို့လည်း သိရပါတယ်။ Fingerprint ကို ဘေးဘက်မှာတပ်ဆင်ထားမှာဖြစ်ပြီး၊ USB-C, Samsung Pay, ဖုန်နဲ့ရေဒဏ်ခံနိုင်တဲ့ IP rating တွေ ထောက်ပံ့လာမယ်လို့လည်း သိရပါတယ်။

Ref: SamMobile