Samsung ဟာ Galaxy Z Flip ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မိတ်ဆက်ခဲ့တာပါ။ စပြီးမိတ်ဆက်တုန်းက Mirror Black, Gold နဲ့ Mirror Purple ဆိုပြီး အရောင်သုံးမျိုး ဖြစ်ပါတယ်။ Mirror Black နဲ့ Mirror Purple အမျိုးအစားနှစ်မျိုးဟာ တောင်ကိုရီးယားဈေးကွက်မှာ ဝယ်နိုင်တာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိပါသေးတယ်။

အခုတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Mirror Gold အမျိုးအစားကိုလည်း ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချတော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Galaxy Z Flip Mirror Gold အမျိုးအစားအတွက် ကြိုတင်မှာယူမှုကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကတည်းက ပြုလုပ်နိုင်တာဖြစ်ပြီး ရောင်းချတာကတော့ မေလ ၆ ရက်နေ့မှ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ သိရသလောက်ကတော့ Samsung Galaxy Z Flip Mirror Gold ကို တောင်ကိုရီးယားဈေးကွက်မှာပဲ ရရှိဦးမှာ ဖြစ်ပါတယ်။ မေလအတွင်းမှာဝယ်ယူမယ်ဆိုရင် Galaxy Bud+ ကိုဝယ်ယူဖို့ ကိုရီးယားဝမ် ၉၉,၀၀၀ တန် (၁ သိန်း၁သောင်းဝန်းကျင်) ကူပွန်တစ်စောင်၊ ဒါမှမဟုတ် ဆက်စပ်ပစ္စည်းတွေဝယ်ယူဖို့ ကိုရီးယားဝယ် ၅၀,၀၀၀ တန် (၆ သောင်းဝန်းကျင်) ကူပွန်ကို ရရှိမယ်လို့ သိရပါတယ်။

Samsung Galaxy Z Flip ဟာ တောင်ကိုရီးယားဈေးကွက်သာမကဘဲ နိုင်ငံတကာဈေးကွက်မှာလည်း လူကြိုက်များပြီး အောင်မြင်နေတဲ့ Foldable ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း၊ နည်းပညာပိုင်း၊ စွမ်းဆောင်ရည်ပိုင်းမှာ Galaxy Z Flip ဟာ Flagship တန်းဝင်ဖြစ်ပေမယ့် ကင်မရာပိုင်းမှာတော့ DxOMark ရဲ့ သတ်မှတ်ချက်အရ iPhone XS Max လောက်တောင် ရမှတ် မကောင်းခဲ့ပါဘူး။

Ref: SamMobile