Facebook ဟာ iPhone အသုံးပြုသူအတော်များများအနေနဲ့ သူတို့ရဲ့ iOS စနစ်သုံး ဟန်းဆက်ကနေ Android စနစ်သုံး ဟန်းဆက်ဆီ ပြောင်းရွှေ့လာမယ်လို့ ယုံကြည်ထားပုံရပါတယ်။ အထူးသဖြင့် Samsung ရဲ့ Foldable သစ်တွေ မိတ်ဆက်ချိန်မှာ Facebook က သူ့ရဲ့မျှော်မှန်းချက်ကို ထုတ်ဖော်ပြသသွားတာပါ။

WhatsApp ဟာ iPhone အသုံးပြုသူတွေအနေနဲ့ Android ကို ပြောင်းသုံးမယ်ဆိုရင် iPhone နဲ့တုန်းက WhatsApp Chat history တွေကို သယ်ဆောင်သွားနိုင်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာ iOS ကနေ Android ကို ပြောင်းမဲ့ WhatsApp အသုံးပြုသူတွေအတွက် ပျော်ရွှင်စရာလို့ ဆိုရပါလိမ့်မယ်။

ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်သွားတဲ့ Samsung Unpacked ပွဲမှာ Galaxy Z Fold3 နဲ့ Galaxy Z Flip 3 တို့ကို ပွဲထုတ်သွားပါတယ်။ ဒီမော်ဒယ်နှစ်ခုကပဲ WhatsApp ရဲ့ လုပ်ဆောင်ချက်သစ်နှစ်ခုကို ပထမဆုံးရရှိမယ်လို့ သိရပါတယ်။ ဒါကို WhatsApp ရဲ့ Chief Will Cathcart က တွစ်တာမှာ အလင်းပြသွားတာလည်း ဖြစ်ပါတယ်။

Operation System နှစ်ခုကြားမှာ ဓာတ်ပုံတွေ၊ Voice note တွေ၊ အပြန်အလှန်ပြောစကားတွေကို လွယ်ကူစွာနဲ့ ပြောင်းရွှေ့လို့ရမှာ ဖြစ်ပါတယ်။ Unpacked ပွဲမှာလည်း “Foldable ကို အဆင့်မြှင့်မယ်ဆိုရင် Smart Switch က Apps တွေ၊ အရင်တုန်းက အမှတ်တရတွေကို ချောမွေ့စွာနဲ့ ပြောင်းလဲနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပြီး အခုတော့ Message တွေလည်း ပါဝင်လာပြီ” လို့ Samsung က ထုတ်ဖော်ပြောဆိုသွားပါတယ်။

Ref: Phone Arena