Samsung ကနေ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Z Fold4 ဟာ တခြားသော Foldable ဖုန်းတွေထက် ပိုမိုအောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အခုလည်း Samsung ကနေ လာမယ့် Galaxy Z Fold5 ဖုန်းမှာ ကြီးမားတဲ့ပြောင်းလဲမှုအသစ်တွေကို ပြုလုပ်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါကတော့ Samsung Galaxy Z Fold5 ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset အစား 4nm Chipset အသစ်ဖြစ်တဲ့ Snapdragon 985 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် S-pen ကို ဖုန်းအတွင်းမှာထည့်သွင်းနိုင်ဖို့အတွက် Slot ထည့်သွင်းထားမှာလည်းဖြစ်ပါတယ်။

အဆိုပါသတင်းကို ဗီယက်နမ်နိုင်ငံအတွင်းမှာရှိတဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Pixel ကနေ ဖော်ပြခဲ့တာဖြစ်ပြိး တကယ်ဖြစ်လာနိုင်မလားဆိုတာက အတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။ ဘာကြောင့်လဲဆိုရင် S-pen Slot ပါဝင်လာဖို့က ဖြစ်နိုင်ခြေများပေမယ့် Chipset ပိုင်းမှာ Snapdragon 8 Gen 2 Chipset ကိုပဲ​ အသုံးပြုမယ်ဆိုပြီး တခြား The Elec လိုမျိုး နာမည်ကြီးသတင်းမီဒီယာတွေက ဖော်ပြခဲ့ဖူးတာကြောင့် ဘယ် Processor သုံးလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Samsung ဟာ နှစ်စဥ် Foldable ဖုန်းတွေကို သြဂုတ်လအတွင်းမှာ မိတ်ဆက်လေ့ရှိတာကြောင့် Galaxy Z Fold5 ကိုလည်း အဲ့ဒီအချိန်မှပဲ တရားဝင်မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref – Gizmo China