တောင်ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ Samsung Galaxy Z Fold2 ဟာ ဝယ်လိုအားအလွန်များနေတယ်လို့ သိရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ Galaxy Z Fold2 ရဲ့ တန်ဖိုးဟာ $ 1,999 (၂၆သိန်း ဝန်းကျင်) မြင့်မားတဲ့ဈေးနှုန်း ဖြစ်ပါတယ်။

ပုံမှန် Galaxy Z Fold2 ရဲ့ ဈေးနှုန်းက ၂၆သိန်း ဝန်းကျင်ဖြစ်ပေမယ့် Galaxy Z Fold2 Thom Browne Edition ကတော့ $3,300 (၄၄ သိန်းဝန်းကျင်) လောက်အထိ ဈေးနှုန်းမြင့်မားတာပါ။ ဒါမေယ့်လည်း ဒီဈေးနှုန်းက တောင်ကိုရီးယားရဲ့ Samsung Fan တွေအတွက် အတားအဆီးတစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ တောင်ကိုရီးယားဈေးကွက်တွင်းဝယ်လိုအားက အားရစရာကောင်းနေဆဲပါပဲ။

Galaxy Buds Live နဲ့ Galaxy Watch3 တွေလည်း ပါဝင်မယ့် ဒီ Edition နဲ့Package ကိုဝယ်ယူဖို့ ကြိုတင်စာရင်းပေးထားတဲ့ဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၂ သိန်း ၃ သောင်းလောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ စိတ်မကောင်းစရာကတော့ စာရင်းပေးသွင်းထားတဲ့ လူဦးရေအကုန်လုံး ဝယ်ယူနိုင်ဖွယ်မရှိတာပါပဲ။

Samsung ဟာ Thom Browne Z Fold2 ကို အလုံးရေ ၅ထောင်ပဲ ထုတ်လုပ်ဖို့စီစဉ်နေတာဖြစ်ပြီး တောင်ကိုရီးယားဈေးကွက်မှာရောင်းချမယ့်အရေအတွက်ကတော့ အလုံးရေ ၁ ထောင်သာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီ Edition ကို စတင်ရောင်းချမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကံကောင်းသူ အယောက် ၁ထောင်ကပဲ Galaxy Z Fold2 Thom Browne Edition ကို ရရှိမှာ ဖြစ်ပါတယ်။

ကနဦးခန့်မှန်းချက်တွေအရ Samsung ဟာ ဒီနှစ်ကုန်ပိုင်းမှာ Z Fold2 ယူနစ်ပေါင်း ၅ သိန်းကို ထုတ်လုပ်ဖို့ စီစဉ်နေပေမယ့် ဝယ်လိုအားပေါ်မူတည်ပြီး ၈ သိန်းထိ မြင့်တက်လာနိုင်ဖွယ်ရှိပါတယ်။ ဒီကိန်းဂဏန်းတွေဟာ မူလ Galaxy Fold ထက်လည်း များပြားနေတာကို တွေ့မြင်နိုင်ပါတယ်။

Ref: GSM Arena