• 200 MP ကင်မရာ စွမ်းဆောင်ရည်၊ အဆင့်အမြင့်မားဆုံး “Snapdragon® 8 Gen 2” Chipset၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အနည်းပါးဆုံးသော ဒီဇိုင်းတည်ဆောက်ပုံများနှင့် ဖန်တီးထားသည့် Galaxy S23 Ultra စမတ်ဖုန်း
  • ကြိုတင်မှာယူမှုကာလအတွင်းမှာသာရရှိနိုင်သော အခွင့်အရေးများဖြစ်သည့် ပိုမိုမြင့်မားသော memory / storage အဆင့်မြှင့်တင်ပေးသွားခြင်းနှင့်အတူ များပြားလှသော အထူး လက်ဆောင်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း Galaxy S23 Series စမတ်ဖုန်း မှာယူမှုများတွင် ရရှိသွားနိုင်မည်

Samsung Electronics Co., Ltd သည် ၎င်း၏ နောက်ဆုံးပေါ် စွမ်းဆောင်ရည် အမြင့်မားဆုံးသော Galaxy S23 Ultra, Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်းများအား Galaxy Unpacked အခမ်းအနားကြီးနှင့်အတူ ယနေ့မိတ်ဆက်ခဲ့ပြီး ပြီးပြည့်စုံသည့် အ‌ကောင်းမွန်ဆုံး စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများအား သုံးစွဲသူ များထံ အရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။

Samsung Galaxy S23 Series စမတ်ဖုန်းများ၏ Epic အဖြစ်ဆုံးသော 200 MP ကင်မရာ စွမ်းဆောင်ရည်များသည် သုံးစွဲသူများ၏ ဖန်တီးနိုင်စွမ်းများအား အကန့်အသတ်မရှိ ကွန့်မြူးနိုင်စေရန် အကောင်းမွန်ဆုံး ပံ့ပိုးပေးသွားနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ညဖက် Nightography ဗီဒီယို ရိုက်ကူးမှုများတွင် Transformative AI စနစ်ဖြင့် လက်တွေ့ သဘာ၀ နှင့် ထပ်တူညီမှုအရှိဆုံး ပုံရိပ်များအား ဖန်တီးသွားနိုင်ရန် ကူညီပေးသွားမည်ဖြစ်သည်။ အလားတူပင် Galaxy S23 Series စမတ်ဖုန်များတွင် “Snapdragon® 8 Gen 2” နှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး မိုဘိုင်း Graphics စနစ်များကိုလည်း ထည့်သွင်းပေးထားသည့်အတွက် သူမတူသော ပြီးပြည့်စုံသည့် AI စွမ်းဆောင်ရည်များနှင့် ပိုမိုမြန်ဆန်ချောမွေ့သော မိုဘိုင်း ဂိမ်းကစားမှု အတွေ့အကြုံများ စသည့် အဆင့်မြင့် စမတ်ဖုန်း အသုံးပြုမှု ခံစားချက်အား အပြည့်အဝ ရရှိစေမည် ဖြစ်သည်။

Samsung Galaxy ၏ တစ်မူထူးခြားသော အမှတ်သင်္ကေတ S Pen ကိုလည်း ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များနှင့်အတူ Galaxy S23 Ultra စမတ်ဖုန်းများတွင် တစ်ပါတည်း ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ကိုယ်ပိုင်အားလပ်ချိန် လုပ်ဆောင်ချက်များအား အကန့်အသတ် မရှိ မြန်ဆန်ချောမွေ့စွာ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ Galaxy S23 စမတ်ဖုန်းများတွင် ထိုသို့ နောက်ဆုံးပေါ် အဆင့်အမြင့်မားဆုံးသော စွမ်းဆောင်ရည်များ၊ တီထွင်ဖန်တီးမှုများအား ထည့်သွင်းပေးထားသည့် နည်းတူ ကိုယ်ထည်တည်ဆောက်မှုနှင့် ပါဝင်သည့် အစိတ်အပိုင်းများတွင်လည်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ စေရန်ဟူသော Samsung ၏ ရည်သန်ချက်နှင့်အညီ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်း အများစုနှင့် စွဲမက်ဖွယ်ရာ ဖန်တီး ထုတ်လုပ်ထားသည်။

“သုံးစွဲသူတွေအတွက် သင့်တော်မှုအရှိဆုံးနဲ့ အကျိုးအရှိဆုံး နည်းပညာဆိုတာကို တိုင်းတာတဲ့နေရာမှာ လက်ရှိမှာ ကိုယ့်အတွက် ဘယ်လောက်ထိ ပံ့ပိုးကူညီပေးနိုင်လဲ ဆိုတဲ့ အချက်အပြင် အနာဂတ်မှာပါ အားလုံးအတွက် အကျိုးရှိစေတဲ့၊ ‌ရေရှည်တည်တံ့တဲ့ ဂေဟစနစ် တစ်ခုဖြစ်လာအောင် ဘယ်လောက်ထိ ပံ့ပိုးကူညီပေးနိုင်မလဲဆိုတဲ့ အချက်ကိုပါ ထည့်သွင်းတိုင်းတာရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် အဆင့်အမြင့်မားဆုံး Galaxy S23 Ultra စမတ်ဖုန်းအပါအဝင် Galaxy S Series စမတ်ဖုန်းတွေ အကုန်လုံးကို ယုံကြည်စိတ်ချရမှုအရှိဆုံး အဆင့်မြင့် စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံတွေ ရရှိစေဖို့နဲ့ တစ်ချိန်တည်းမှာပဲ ရေရှည်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းပါးဆုံးဖြစ်စေဖို့အတွက် အထူးဂရုပြု ဖန်တီးတည်ဆောက်ထားပါတယ်” ဟု Samsung Electronics ၏ Head of Mobile Experience Business ဖြစ်သူ TM Roh မှ ပြောကြားခဲ့သည်။

ကြိုတင်မှာယူခြင်း အစီအစဉ်နှင့် အထူး အကျိုးခံစားခွင့်များ

နောက်ဆုံးပေါ် Galaxy S23 Series စမတ်ဖုန်းများအား ကြိုတင်မှာယူလိုသည့် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Samsung Myanmar သည် ကြိုတင်မှာယူမှုများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာရင်းကောက်ခံပေးသွားမည်ဖြစ်သည်။ Galaxy S23 Series စမတ်ဖုန်း မော်ဒယ် အမျိုးအစား တစ်ခုချင်းစီအလိုက် ရရှိနိုင်မည့် အရောင်၊ မှတ်ဉာဏ်သိမ်းဆည်းနိုင်မှု ပမာဏနှင့် ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ထို့အပြင် ကြိုတင်မှာယူမည့်သူများ ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေရန်အတွက် Samsung Myanmar မှ Galaxy S23 Series စမတ်ဖုန်းမော်ဒယ် အားလုံးအတွက် Mobile Banking ဖြင့် ငွေပေးချေမှုအား ၁၀၀% အပြည့်အဝ လက်ခံပေးသွားမည် ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းတွင်လည်း CB Bank Credit Card နှင့် AYA Pay တို့မှတဆင့် ၆ လအထိ အတိုးမဲ့အရစ်ကျစနစ် (0% Interest) ဖြင့် ဝယ်ယူသွားနိုင်ရန် အတွက်လည်း စီစဉ်ပေးထားသည်။

Galaxy S23 Series စမတ်ဖုန်များအား ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အား ပေးသွင်း၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်၍ ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ငွေတန်ဖိုး အပြည့်အဝပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် Samsung Myanmar သည် ကြိုတင်မှာယူသူများအတွက်လည်း အောက်ပါ အထူးလက်ဆောင်များအား မေတ္တာလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည် ဖြစ်သည်။

  • Galaxy S23 Ultra (8 / 256GB Version) အား ကြိုတင်မှာယူပါက (12 / 512GB Version) သို့ အလိုအလျောက် အဆင့်မြှင့်တင်ပေးမည့် အခွင့်‌အရေး
  • Galaxy S23+ (8 / 256GB Version) အား ကြိုတင်မှာယူပါက (8 / 512GB Version) သို့ အလိုအလျောက် အဆင့်မြှင့်တင်ပေးမည့် အခွင့်‌အရေး
  • Galaxy S23 (8 / 128GB Version) အား ကြိုတင်မှာယူပါက (8 / 256GB Version) သို့ အလိုအလျောက် အဆင့်မြှင့်တင်ပေးမည့် အခွင့်‌အရေး
  • မည်သည့် Galaxy S23 Series စမတ်ဖုန်းကိုမဆို ကြိုတင်မှာယူသူတိုင်းအတွက် Silicon Grip Case နှင့် Travel Adapter

အထက်ပါ အထူးလက်ဆောင်များအပြင် Galaxy S23 Series စမတ်ဖုန်းများအား ကြိုတင်မှာယူသူများ အနေနှင့်

  • Galaxy Watch 5 (သို့) Galaxy Buds2 Pro အား ထပ်မံဝယ်ယူပါက ၂၀% အထိ အထူးလျှော့ဈေး ခံစားခွင့်
  • Galaxy Watch 5 နှင့် Galaxy Buds2 Pro ၂ မျိုးစလုံးအား ထပ်မံဝယ်ယူပါက ၃၀% အထိ အထူး လျှော့ဈေး ခံစားခွင့် များကိုလည်း ထပ်မံထပ်ဆောင်း ရရှိသွားမည် ဖြစ်သည်။

Samsung Care+ အထူးဝန်ဆောင်မှု

ထို့အပြင် Galaxy S23 Series စမတ်ဖုန်းများအား ကြိုတင်မှာယူသူများအနေနှင့် Samsung Care+ အထူးဝန်ဆောင်မှုအား တစ်နှစ်တိတိ ခံစားခွင့် (အသေးစိတ်အား https://www.samsung.com/mm/ တွင် ကြည့်ရှုရန်) ကိုလည်း ရရှိမည်ဖြစ်ပြီး Galaxy S23 Series စမတ်ဖုန်းများ မတော်တဆဖြစ်၍ ဖုန်းရှေ့မျက်နှာပြင်ကွဲခြင်းအတွက် ၇၀% အထိ သက်သာခွင့် (သို့မဟုတ်) နောက်မျက်နှာပြင်ကွဲခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ၁၀၀% အထိ သက်သာခွင့် တစ်ကြိမ်အား (ဝယ်ယူသည့်နေ့မှ တစ်နှစ်အတွင်း) ခံစားသွားနိုင်မည် ဖြစ်သည်။

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့် လဲလှယ်ခြင်း အစီအစဉ်

အထက်ဖော်ပြပါ အထူးဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်များအပြင် Samsung Galaxy စမတ်ဖုန်းမော်ဒယ်များဖြစ်သည့် (Galaxy Z Flip, Galaxy S9, Galaxy Note 8 အပြင် Galaxy A52 နှင့်အထက်) အား ကိုင်ဆောင်သူများအနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းအဟောင်းများအား နောက်ဆုံးပေါ် Galaxy S23 Series စမတ်ဖုန်း အသစ်များဖြင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ ထို့အပြင် ထိုသို့လဲလှယ်ဝယ်ယူမည့်သူများ အနေနှင့် ထပ်ဆောင်း အပိုလက်ဆောင်အဖြစ် Galaxy S23 Ultra စမတ်ဖုန်း ဝယ်ယူသူများအား မြန်မာငွေကျပ် ၄၀၀,၀၀၀ နှင့် Galaxy S23+ နှင့် Galaxy S23 စမတ်ဖုန်း ဝယ်ယူသူများအား မြန်မာငွေကျပ် ၂၀၀,၀၀၀ တို့ကိုလည်း Samsung Myanmar မှ ထပ်မံ၍ ‌အထူးအကျိုးခံစားခွင့်အဖြစ် ပေးအပ်သွားမည် ဖြစ်သည်။ ဤ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Samsung Contact Center – 01 2399888 သို့ ဆက်သွယ်စုံစမ်းမေးမြန်းသွားနိုင်မည် ဖြစ်သည်။

Press Release – Samsung