Game of Thrones စတား Maisie Williams ဟာ နာမည်ကျော် Streaming ပလက်ဖောင်း Twitch ပေါ်မှာ Live လွှင့်ဆော့ကစားဖို့ စိတ်ဝင်စားနေပြီး တစ်နေ့က သူမရဲ့ တွစ်တာအကောင့်ကနေ “Twitch ကို ဘယ်လိုသုံးရမလဲ ပြီးတော့ ဘာတွေလိုဦးမလဲ” လို့ မေးမြန်းခဲ့ပါတယ်။

သူမရဲ့မေးမြန်းရတဲ့ ရည်ရွယ်ချက်ကတော့ သူမကိုယ်တိုင် “Animal Crossing” ဂိမ်းဆော့တာကို Live Stream လွှင့်နိုင်စေဖို့အတွက်ပါ။ Animal Crossing ဂိမ်းစီးရီးဟာ ၂၀၀၁ ခုနှစ်ကထွက်ရှိခဲ့ပြီး တစ်စထက်တစ်စ လူကြိုက်များလာကာ မတ်လ ၂၀ ရက်နေ့က ပဉ္စမမြောက် ဂိမ်းဖြစ်တဲ့ “Animal Crossing: New Horizons” ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

၂၂ နှစ်အရွယ် အင်္ဂလိပ်မင်းသမီးဟာ HBO ရဲ့ Game of Throne စီးရီးထဲမှာ Arya Stark အဖြစ် ပါဝင်ခဲ့ရာမှ လူသိများပြီး Lockdown ကာလအတွင်း ဗီဒီယိုဂိမ်းဘက်ကို ဓါတ်ကျနေခဲ့ပုံပါပဲ။

သူမလက်ရှိကစားနေတဲ့ Animal Crossing ဂိမ်းရဲ့အမည်နဲ့ ကစားနေတဲ့ ပလက်ဖောင်းကို မသိရသေးပေမယ့် အခုလိုသာ Stream နိုင်ခဲ့ရင်တော့ ပရိသတ်တော်တော်များများကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအတွင်း သူမနဲ့ ပိုမိုရင်းနှီးစေမှာဖြစ်သလို စိတ်ဖိအားဒဏ်တွေလည်း ကျဆင်းအောင် ကူညီပေးနိုင်လောက်ပါတယ်။

တွစ်တာပေါ်မှ ဗီဒီယိုဂိမ်းကျွမ်းကျင်သူတွေဟာ သူမကို ကူညီဖို့ ကြိုးစားကြပေမယ့် Stream ပြုလုပ်ဖို့ အခြေခံတွေကို ချက်ချင်းနားလည်နိုင်ခဲ့ပုံတော့ မပေါက်သေးပါဘူး။ ဒါပေမယ့် နည်းပညာကုမ္ပဏီကြီးတွေ အပါအဝင် အများစုက ဒီအခွင့်အရေးကို အသုံးချပြီး Maisie အတွက် Stream နိုင်ဖို့ စက်ဆင်ပေးရန် ကမ်းလှမ်းထားကြပါတယ်။

Ref – AFKGaming