Video Game တွေကို ရောင်းချနေတဲ့ Retailer ကုမ္ပဏီတစ်ခုဖြစ်တဲ့ GameStop ကနေ အခုအချိန်မှာ NFT နဲ့ Cryptocurrency နည်းပညာထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ The Wall Street Journal ကနေ ဖော်ပြခဲ့တာဖြစ်ပြီး GameStop ဟာ လက်ရှိအချိန်မှာ လူအယောက် ၂၀ ဝန်းကျင်နဲ့ သီးသန့်အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

အဆိုပါ အဖွဲ့ဟာဆိုရင် လက်ရှိ Video Game တွေမှာ အသုံးချနိုင်မယ့် Virtual Item တွေဖြစ်တဲ့ Cosmetic Skin တွေနဲ့ In-Game Item တွေကို ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Game Developer တွေနဲ့ ထုတ်လုပ်သူတွေကို သူ့ရဲ့ ကိုယ်ပိုင် Marketplace မှာလည်း NFT တွေရောင်းချဖို့ မျှော်မှန်းထားတယ်လို့သိရပါတယ်။

လောလောဆယ်မှာ GameStop ဟာ NFT နဲ့ Blockchain နည်းပညာတွေကို အသုံးချထားတဲ့ Game တွေကို ဆောင်ရွက်သွားဖို့ လိုက်လံဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ကုမ္ပဏီပေါင်း ဒါဇင်နဲ့ချီပြီး ချိတ်ဆက်ထားသလို ဒေါ်လာ သန်းဆယ်နဲ့ချီပြီး ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ NFT တွေနဲ့ ပတ်သက်ပြီး တချို့သော ဂိမ်းကုမ္ပဏီတွေက ဝင်ရောက်နေကြသလို တချို့ကလည်း ဝေဖန်မှုတွေကြောင့် ပြန်ပြီး စဥ်းစားနေကြတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး GameStop ကလည်း အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – The Verge