မြန်မာနိုင်ငံ eSports ကဏ္ဍတွင် 3rd Party မှ ကျင်းပသည့် ဆုကြေးငွေအမြင့်ဆုံးရရှိနိုင်မည့် Gameverse – Mission 2024 Main Event ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် Mobile Legends ပြိုင်ပွဲများနှင့် အပန်းဖြေအစီအစဉ်များကို မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှု ဆင်နွှဲနိုင်မည်။

အူရီဒူးမြန်မာမှ Gameverse – Mission 2024 ရဲ့ အပြင်းထန်ဆုံးဖြစ်မည့် Main Event ပြိုင်ပွဲများကို ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ၌ စိတ်လှုပ်ရှားဖွယ်အစီအစဉ်များဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် စိတ်လှုပ်ရှားဖွယ် eSports ပြိုင်ပွဲများ၊ သက်ဝင်စီးမျောခံစားနိုင်မည့် ဖျော်ဖြေရေးအခန်းကဏ္ဍများနှင့် ဂိမ်းချစ်သူများနှင့် ဧည့်သည်များအတွက် အစီအစဥ်များစွာ ပါဝင်မည် ဖြစ်ပါသည်။ ၎င်းပြိုင်ပွဲများကို နံနက် (၉) နာရီမှစတင်၍ တစ်နေ့တာလုံး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မည်သူမဆို ၀င်ကြေးအခမဲ့ဖြင့် လာရောက် ကြည့်ရှုအားပေးနိုင်မည် ဖြစ်ပါသည်။

အူရီဒူးမြန်မာမှ ကျင်းပသည့် Gameverse Mission 2024 ပြိုင်ပွဲများသည် မြန်မာနိုင်ငံအတွင်း eSports လူမှုအသိုင်းအဝိုင်းအပေါ် ပံ့ပိုးမြှင့်တင်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အဆိုပါ ဂိမ်းပြိုင်ပွဲကြီးတွင် အမြင့်ဆုံးဆုကြေးငွေ စုစုပေါင်းကျပ် သိန်း (၇၀၀) ချီးမြှင့်သွားမည်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် အစီအစဥ်ပေါင်းများစွာ ပါ၀င်မည်ဖြစ်၍ လာရောက်အားပေးကြည့်ရှုသူများအတွက် မမေ့နိုင်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

Gameverse – Mission 2024 ၏ ဖိုင်နယ်ပွဲစဥ်ကြီးကို ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် အွန်လိုင်းပြိုင်ပွဲများတွင် အသီးသီးအနိုင်ရရှိခဲ့ကြသော ထိပ်တန်းအသင်းများဖြစ်ကြသည့် အမျိုးသားအဖွဲ့များ – Burmese Ghouls, AI eSports and Falcon eSports, နှင့် အမျိုးသမီးအဖွဲ့များ – Falcon Daisies, Net Angels, Blade Angels တို့ ပါ၀င်ယှဥ်ပြိင်ကြမည့် ဖိုင်နယ်ပွဲစဥ်ကြီးကို လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

လာရောက်ကြည့်ရှုသူများအတွက် ထူးခြားဆန်းသစ်သည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများ ရရှိစေရန် နောက်ဆုံးအဆင့်အနိုင်ရရှိသူများအား ရွေးချယ်သွားမည့် Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲများကို သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ၌ တစ်နေ့တာလုံး စိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ကြည့်ရှုသူပရိတ်သတ်များ ပြိင်ပွဲအတွင်း စီးမျောခံစားနိုင်ရန် ကြီးကျယ်လှပသော အခမ်းအနားအပြင်အဆင်များ၊ ကြည်လင်ပြတ်သား ကျယ်ပြန့်သော LED ဖန်သားပြင်နှင့် ခေတ်မီသော ပတ်ပတ်လည် အသံစနစ်တို့ဖြင့် ပြင်ဆင် ဖန်တီးထားပြီး ယနေ့အထိ နိုင်ငံအတွင်းအကောင်းဆုံး Mobile Legends ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။

ပရိသတ်များသည် ပြိုင်ပွဲ ပွဲစဉ်များအတွင်း အမျိုးမျိုးသော ဖော်ပြပါ ဖျော်ဖြေရေးအစီအစဥ်များနှင့် စိတ်လှုပ်ရှားဖွယ် အစီအစဥ်များကို ရင်ခုန်ခံစားနိုင်ကြမည်ဖြစ်ပါသည်။

ကြိုက်နှစ်သက်သည့် Pro ကစားသမားများနှင့် တွေ့ဆုံနိုင်ခြင်း – မိမိနှစ်သက်အားပေးသည့် eSports အမျိုးသားအသင်းများဖြစ်သည့် Burmese Ghouls၊ AI eSports၊ Falcon eSports နှင့် အမျိုးသမီးအသင်းများဖြစ်သည့် Falcon Daisies၊ Net Angels၊ Blade Angels တို့နှင့် တွေ့ဆုံအားပေးနိုင်မည်။

ကြိုက်နှစ်သက်သည့် eSports Merchandise များကို ဝယ်ယူနိုင်ခြင်း – မိမိနှစ်သက်သည့် အသင်းများကိုအားပေးရန် လိုအပ်သည့် အသင်းအင်္ကျီ၊ ပိုစတာ၊ အသင်းအလံ၊ ခေါင်းပတ်၊ လက်ပတ်နှင့် အခြား Merchandise ပစ္စည်းများ ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။

Cosplay Zone – မိမိတို့၏ အကောင်းဆုံး Cosplay ဝတ်စုံများဖြင့် ပါဝင်ယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး စုစုပေါင်း ငွေကျပ် သိန်း (၃၀) ဆုကြေးငွေများ၊ ဖုန်းများ၊ ကျော်ကြားသော Anime များ၏ One Piece figures များကို ရယူဆွတ်ခူးနိုင်ပါမည်။

Discovery Hall – Console ဂိမ်းကစားယှဥ်ပြိုင်မှုများ၊ MLBB အပျော်တမ်းပြိုင်ပွဲများ၊ Arcade ဂိမ်းများနှင့် အခြားဖျော်ဖြေရေးဆိုင်ရာ ရွေးချယ်မှုများစွာ ပါ၀င်မည်ဖြစ်ပါသည်။
Food Court – အမျိုးမျိုးသော အစားအသောက်များ ရရှိနိုင်မည့် Food Court ရှိပါမည်။

Lucky Draws – စုစုပေါင်း ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ ဆုကြေးငွေများ၊ ဟန်းဆက်များ အပါအဝင် အခြားဆုပေါင်းများစွာကို ရရှိကံထူးနိုင်မည့် Lucky Draw အစီအစဉ်ပါဝင်မည် ဖြစ်ပါသည်။

Gameverse မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကို မေလ (၇) ရက်နေ့က “Junction City” တွင် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး Gameverse နှင့် Mission 2024 အပါအ၀င် စိတ်၀င်စားဖွယ် အစီအစဥ်အမျိုးမျိုးကို မိတ်ဆက်ပေးခဲ့ပါသည်။ Gameverse – Mission 2024 နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်း အချက်အလက်များကို Ooredoo Myanmar နှင့် “Gameverse by Ooredoo” Social Media Page များတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ကြီးကျယ်ခမ်းနားဆုံး ပြိုင်ပွဲတစ်ခုဖြစ်လာမည့် Gameverse Mission 2024 – Main Event ကို လက်မလွှတ်တမ်း မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုရန်နှင့် ပျော်ပျော်ပါးပါး ဂိမ်း‌ကစားရင်း မမေ့နိုင်စရာ အမှတ်တရများကို ဖန်တီးနိုင်ရန်အတွက် လာမည့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (Thuwanna National Indoor Stadium) သို့ လာရောက်ရန် ဖိတ်ခေါ်လိုက်ရပါသည်။

Media release: Ooredoo