Gemini Live ဟာ အချိန်နဲ့တစ်ပြေးညီ စကားပြောနိုင်တဲ့ Google AI Service ဖြစ်ပါတယ်။ အစောပိုင်းမှာ Advanced Subscriber တွေအတွက်ပဲ ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး အခုတော့ Google က Android User အားလုံးအတွက် အခမဲ့ ဖြန့်ချိလိုက်ပါတယ်။

Gemini Live ဟာ သာမာန် Gemini App  နဲ့ မတူဘဲ လူတစ်ယောက်လို သဘာဝကျစွာ စကားပြောနိုင်ပြီး စကားဖြတ်ကာ တခြား သတင်းအချက်အလက်အသစ်တွေကို မေးမြန်းနိုင်ပါတယ်။

Google is now rolling out Gemini Live to all Android users for free –  Techjaja

Gemini  Live ကို Play Store မှာ ရှိတဲ့ Gemini App မှာပဲ အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် Android User တွေပဲ အဲဒီ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ် ဘာသာစကား သတ်မှတ်ထားတဲ့ ဖုန်းတွေမှာပဲ အသုံးပြုနိုင်ပြီး မကြာခင်မှာ တခြား ဘာသာစကားတွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Gemini Live ကို Gemini App ရဲ့ ညာဘက်အောက်ထောင့်မှ အိုင်ကွန်ကနေ အသုံးပြုနိုင်ပါတယ်။ အဲဒီနောက်မှာ ပေါ်လာတဲ့ ခလုတ် ၂ ခု ကနေ Conversation ကို Navigate ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Chat ပြီးဆုံးတာနဲ့ User ဟာ ပြောထားတဲ့ စကားအားလုံးအတွက် ထုတ်ပေးတဲ့ စာသားကို မြင်ရမှာ ဖြစ်ပါတယ်။ Gemini Live ကို လက်ရှိမှာ Gmail, YouTube Music နဲ့ Maps လို ဝန်ဆောင်မှုတွေအတွက် Extension မထုတ်ပေးသေးပါဘူး။

Ref : gsmarena