Google ရဲ့ Gemini AI စနစ်က Gmail ထဲက အီးမေးလ်တွေကို အလိုအလျောက် အကျဉ်းချုပ်ဖော်ပြပေးတော့မှာ ဖြစ်ပါတယ်။ အီးမေးလ်ရဲ့ ထိပ်မှာ အကျဉ်းချုပ်ကို ပြသပေးမှာ ဖြစ်ပြီး Google က ရှည်လျားတဲ့ အီးမေးလ်တွေအတွက် အသုံးဝင်တယ်လို့ ပြောပါတယ်။

Gemini now summarizes Gmail emails automatically and by default -  GSMArena.com news

Gemini က အီးမေးလ်ပြောဆိုမှုထဲက အဓိကအချက်အလက်တွေအားလုံးကို ဆွဲထုတ် ပေါင်းစပ်ဖော်ပြပေးမှာပါ။ ပြီးတော့ နောက်ပိုင်းရောက်လာတဲ့ ပြန်စာတွေက အချက်အလက်တွေကိုလည်း အကျဉ်းချုပ်ထဲမှာ အလိုအလျောက် ထည့်သွင်းပြင်ဆင်ပေးသွားမှာပါပဲ။

Gmail Will Now Summarize Your Emails, Even if You Didn't Ask It To

အရင်ကဆိုရင် ဒီလိုအကျဉ်းချုပ်ဖော်ပြတဲ့စနစ်ကို သုံးနိုင်ဖို့ အီးမေးလ်ရဲ့ အပေါ်ဆုံးက “Summarize this email” ဆိုတဲ့ ခလုတ်လေးကို ကိုယ်တိုင်နှိပ်ဖို့ လိုခဲ့ပါတယ်လေ။ အခုတော့ ဒီစနစ်က သူ့အလိုလို အလုပ်လုပ်ပေးတော့မှာပါပဲ။

လောလောဆယ်တော့ ဒီလုပ်ဆောင်ချက်ကို အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ အီးမေးလ်တွေအတွက်ပဲ အရင်ဆုံး စတင်အသုံးပြုနိုင်မှာပါခင်ဗျာ။ Gemini က အကျဉ်းချုပ်က အထောက်အကူမဖြစ်ဘူးလို့ သတ်မှတ်ထားတဲ့ အီးမေးလ်တွေအတွက်တော့ အလိုအလျောက် အကျဉ်းချုပ်ဖော်ပြပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အပေါ်ဆုံးက “Summarize this email” ခလုတ်လေးကိုနှိပ်ပြီး ကိုယ်တိုင် အကျဉ်းချုပ်လုပ်ပေးဖို့ တောင်းဆိုလို့တော့ ရပါတယ်။

လူတိုင်းဆီကို ဒီစနစ်ရောက်ရှိဖို့ ၁၅ ရက်လောက်အထိ ကြာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်ခင်ဗျာ။ တစ်ခုသတိပြုရမှာက ဒီစနစ်ကို လောလောဆယ်မှာတော့ Google Workspace သုံးစွဲသူတွေ၊ Google One AI Premium သုံးစွဲသူတွေ၊ ပြီးတော့ Gemini Education ဒါမှမဟုတ် Gemini Education Premium သုံးစွဲသူတွေ အတွက်ပဲ ရနိုင်ဦးမှာပါခင်ဗျာ။

Ref : Gsmarena