Gionee ဟာ M12 ဗားရှင်းနှစ်မျိုးကို ဒီတစ်ပတ်ထဲမှာပဲ နိုင်ဂျီးရီးယားဈေးကွက်တွင်း ဖြန့်ချိခဲ့ပါတယ်။ ဒီဗားရှင်းနှစ်မျိုးစလုံးဟာ Android 10 မောင်းနှင်ထားတဲ့ Entry-level စမတ်ဖုန်းတွေပဲ ဖြစ်ကြပါတယ်။ ဒီဟန်းဆက်နှစ်မျိုးအကြား ကွာခြားမှုက Chipset ပဲ ဖြစ်ပါတယ်။

Gionee M12 ဗားရှင်းနှစ်မျိုးအနက် တစ်မျိုးက MediaTek Helio P22 chipset ကို အသုံးပြုထားပြီး၊ နောက်တစ်မျိုးကတော့ Silicon တူပေမယ့် Lower clock ဖြစ်တဲ့ Helio A25 ကို အသုံးပြုထားတာပါ။ Memory configuration ကတော့ 4/64GB နဲ့ 6/128GB ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဒေတာအတွက် နေရာထပ်လိုရင်လည်း MicroSD နဲ့အတူ ထပ်ပြီးတိုးချဲ့နိုင်မှာပါ။

M12 ကတော့ 6.55-inch IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 720 x 1600 px resolution ဖြစ်ပါတယ်။ မာကျောတဲ့မျက်နှာပြင်အမျိုးအစားမဟုတ်ပေမယ့် Punch-hole နဲ့အတူ 16MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာအပါအဝင် ကင်မရာလေးလုံးကို တပ်ဆင်ပေးထားပါတယ်။

အခြားကင်မရာတွေကတော့ 5MP Ultra-wide (115°) နဲ့ 2MP ကင်မရာနှစ်လုံးပဲ ဖြစ်ပါတယ်။ Gionee M12 ဟာ Dual-SIM အသုံးပြုနိုင်ပြီး LTE connectivity (150Mbps down နဲ့ 50 Mbps up) တို့ကို ထောက်ပံ့ထားပါတယ်။ 5,100mAh ပမာဏ ဘက်ထရီနဲ့ 10W အားသွင်းစနစ်ကိုတပ်ဆင်ထားပြီး USB-C port လည်း ပါဝင်ပါတယ်။ 3.5mm headphone jack လည်းပါဝင်သလို ကျောဘက်မှာလည်း Fingerprint scanner ပါဝင်ပါတယ်။

Gionee M12 ကို လတ်တလောမှာတော့ နိုင်ဂျီးရီးယားဈေးကွက်ထဲမှာဖြန့်ချိထားတာဖြစ်ပြီး Jumia နဲ့ Offline ဆိုင်တွေမှာ Helio P22 4/64GB ဗားရှင်းကို NGN 75,000 (၂ သိန်း ၆ သောင်းဝန်းကျင်) ကနေစတင်ပြီး A25 ကတော့ NGN 69,400 (၂ သိန်း ၄ သောင်းဝန်းကျင်)လို့ သိရပါတယ်။

Ref: GSM Arena