Gionee ဟာ အိန္ဒိယမှာ ဒီလ ၂၅ ရက်နေ့ စွမ်းရည်နိမ့် Gionee Max စမတ်ဖုန်းကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက် အနည်းငယ်က သိခဲ့ရပါတယ်။ အဲဒီ စမတ်ဖုန်းမှာ အရွယ်ကြီး ဘက်ထရီပါလာမှာ ဖြစ်ပြီး ၆၀၀၀ ရူပီးအောက်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၁ သိန်းလောက်ပဲ ကျသင့်နိုင်ပါတယ်။ အခုတော့ Gionee က တွစ်တာ အကောင့်ကနေ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပြီး ဖုန်း ဒီဇိုင်းကို လေ့လာလို့ရလာသလို Flipkart က Promo Page မှာလည်း Specs တွေကို ပိုမို ဖော်ပြလိုက်ပါတယ်။

Gionee Max မှာ ၆.၁ လက်မ HD+ Waterdrop Notch မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 2.5D Curved Glass နဲ့ ဖုံးအုပ်ထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဘယ်ဘက်အထက်နားမှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။

2GB RAM နဲ့ 32GB Storage ပဲ ထည့်သွင်းထားပြီး အရွယ်ကြီး 5000mAh ဘက်ထရီကတော့ မိုက်ပါတယ်။ microUSB Port ကနေ 10W Charging နဲ့ အားသွင်းနိုင်မယ်လို့ထင်ပါတယ်။ Chipset နဲ့ ကင်မရာ သတင်းအချက်အလက်တွေကို မသိရသေးဘဲ ၂၅ ရက်နေ့ကျရင် Specs အပြည့်အစုံကို သိလာရတော့မှာပါ။

Ref : gsmarena