Gionee Max ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ ၁ ပတ်ကတည်းက ထွက်လာခဲ့တာ ဖြစ်ပြီး အခုတော့ အိန္ဒိယမှာ တရားဝင် ကြေညာလိုက်ပါပြီ။ Spreadtrum SC9863A SoC နဲ့ 2GB RAM ပဲ ပါတဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားပြီး 32GB Storage ပဲပါပေမယ့် 256GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ သိမ်းဖို့ စိတ်ပူစရာ မလိုပါဘူး။

Gionee Max မှာ ၆.၁ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Main ကင်မရာနဲ့အတူ Bokeh ကင်မရာ ၁ လုံး အပို ထည့်ထားပေမယ့် Resolution ကို မသိရသေးပါဘူး။

Gionee Max မှာ လက်ဗွေရာ အာရုံခံ ကိရိယာတော့ မပါပေမယ့် Unlock လုပ်ဖို့ Face Unlock ထောက်ပံ့ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီကတော့ အဲဒီ စမတ်ဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်း ဖြစ်ပြီး တခြား စမတ်ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့အတွက် ပါဝါဘန့် ၁ လုံးလို သုံးနိုင်ပါတယ်။

အနက်၊ အနီနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး ၅,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်းလောက်ပဲရှိပြီး အိန္ဒိယမှာ Flipkart ကနေ ဒီလ ၃၁ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena