[Unicode]

Gionee ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အကုန်တုန်းက ဒေဝါလီခံမယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် အခုအချိန်ထိ Gionee အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေဟာ ဈေးကွက်ထဲမှာတွေ့နေရတုန်း ဖြစ်ပါတယ်။ အခုလည်း Gionee အမှတ်တံဆိပ်နဲ့ Entry-level စမတ်ဖုန်းသစ်တစ်လုံး ထွက်လာပြန်ပါတယ်။

Gionee Steel 5 အမည်နဲ့ ဒီစမတ်ဖုန်းဟာ 6.2-inch IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 720 resolution ရှိပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ Teardrop notch နဲ့အတူ 13MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားတာလည်း တွေ့မြင်ရပါတယ်။

ကျောဘက်မှာတော့ စတုရန်းပုံစံကင်မရာအိမ်ထဲမှာ 12MP အဓိကကင်မရာနဲ့ 2MP depth sensor တို့ကို တပ်ဆင်ပေးထားပါတယ်။ LED ဖလက်ရှ်နှစ်ခု ထည့်သွင်းတပ်ဆင်ပေးထားတာလည်း တွေ့ရပါတယ်။ Gionee Steel 5 ရဲ့ အကောင်းဆုံးအချက်ကိုပါဆိုရင်တော့ 5,000mAh ဘက်ထရီကိုပဲ ပြရမယ် ထင်ပါတယ်။ ဒါပေမယ့် 10W အားသွင်းစနစ်ကိုပဲ အမြင့်ဆုံးအဖြစ် မျှော်မှန်းလို့ရမှာပါ။

Gionee Steel 5 ဟာ Android 9 Pie ကို အခြေခံထားတဲ့ “AmigoOS” မောင်းနှင်ထားပြီး SIM ကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 4/64GB နဲ့ 6/128GB ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ Octa-core processor သုံးထားတယ်လို့ သိရပေမယ့် ဘယ်အမှတ်တံဆိပ် အမျိုးအစားလဲဆိုတာတော့ မသိရသေးပါဘူး။ စတင်ရောင်းချမယ့်ရက်၊ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိေသးတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

5,000mAh ဘက္ထရီနဲ႔ Entry-Level စမတ္ဖုန္းသစ္ Gionee Steel 5 ကို မၾကာခင္ျဖန႔္ခ်ိဖြယ္ရွိ

Gionee ဟာ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္အကုန္တုန္းက ေဒဝါလီခံမယ္လို႔ ေၾကညာခဲ့ပါေသးတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိ Gionee အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းေတြဟာ ေဈးကြက္ထဲမွာေတြ႕ေနရတုန္း ျဖစ္ပါတယ္။ အခုလည္း Gionee အမွတ္တံဆိပ္နဲ႔ Entry-level စမတ္ဖုန္းသစ္တစ္လုံး ထြက္လာျပန္ပါတယ္။

Gionee Steel 5 အမည္နဲ႔ ဒီစမတ္ဖုန္းဟာ 6.2-inch IPS LCD မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး 720 resolution ရွိပါတယ္။ မ်က္ႏွာျပင္ရဲ႕ အေပၚဘက္အလယ္တည့္တည့္မွာ Teardrop notch နဲ႔အတူ 13MP selfie ကင္မရာတစ္လုံး တပ္ဆင္ထားတာလည္း ေတြ႕ျမင္ရပါတယ္။

ေက်ာဘက္မွာေတာ့ စတုရန္းပုံစံကင္မရာအိမ္ထဲမွာ 12MP အဓိကကင္မရာနဲ႔ 2MP depth sensor တို႔ကို တပ္ဆင္ေပးထားပါတယ္။ LED ဖလက္ရွ္ႏွစ္ခု ထည့္သြင္းတပ္ဆင္ေပးထားတာလည္း ေတြ႕ရပါတယ္။ Gionee Steel 5 ရဲ႕ အေကာင္းဆုံးအခ်က္ကိုပါဆိုရင္ေတာ့ 5,000mAh ဘက္ထရီကိုပဲ ျပရမယ္ ထင္ပါတယ္။ ဒါေပမယ့္ 10W အားသြင္းစနစ္ကိုပဲ အျမင့္ဆုံးအျဖစ္ ေမွ်ာ္မွန္းလို႔ရမွာပါ။

Gionee Steel 5 ဟာ Android 9 Pie ကို အေျခခံထားတဲ့ “AmigoOS” ေမာင္းႏွင္ထားၿပီး SIM ကတ္ႏွစ္ကတ္ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။ 4/64GB နဲ႔ 6/128GB ဆိုၿပီး ႏွစ္မ်ိဳးေ႐ြးခ်ယ္ႏိုင္ပါတယ္။ Octa-core processor သုံးထားတယ္လို႔ သိရေပမယ့္ ဘယ္အမွတ္တံဆိပ္ အမ်ိဳးအစားလဲဆိုတာေတာ့ မသိရေသးပါဘူး။ စတင္ေရာင္းခ်မယ့္ရက္၊ အေသးစိတ္အခ်က္အလက္နဲ႔ ေဈးႏႈန္းကိုလည္း ထုတ္ျပန္ေၾကညာျခင္းမရွိေသးတာပဲ ျဖစ္ပါတယ္။

Ref: GSM Arena