OnePlus 11 ဖုန်းဟာ ယခုလအစောပိုင်းတုန်းက တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် Global စျေးကွက်မှာ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်မိတ်ဆက်မှာဖြစ်ပါတယ်။
အခုထွက်ရှိလာတဲ့သတင်းအရ OnePlus 11 ဟာ Global စျေးကွက်မှာ တရုတ်နိုင်ငံတွင်းရောင်းချတဲ့ဖုန်းနဲ့ မတူဘဲ ပြောင်းလဲမှုအနည်းငယ်ရှိလာနိုင်ပါတယ်။ ပထမဆုံးပြောင်းလဲမှုတစ်ခုက Battery Charging ပိုင်းဖြစ်ပြီး Global Version OnePlus 11 ဖုန်းဟာ 100W အစား 80W Fast Charging ကိုပဲ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
ဒါကြောင့် OnePlus 11 ကို Global Version ဝယ်ယူမယ်ဆိုရင် Charging Speed အမြန်ဆုံးရတော့မှာမဟုတ်ဘူး။ အဆိုပါသတင်းကို Marketing Text Material တွေပေါက်ကြားမှုကနေတစ်ဆင့် သိရှိခဲ့ရတာဖြစ်ပြီး တခြား Software ပိုင်းမှာလည်း ColorOS အစား OxygenOS ကို ပြောင်းလဲအသုံးပြုထားမှာဖြစ်ပါတယ်။
OnePlus 11 ဖုန်းဟာ OnePlus အတွက် ပထမဆုံးအနေနဲ့ 100W Fast Charging ကို ထောက်ပံ့နိုင်တဲ့ဖုန်းဖြစ်နေပေမယ့် Global စျေးကွက်မှာ အသုံးပြုနိုင်ခြင်းမရှိတာကစိတ်မကောင်းစရာပါ။ OnePlus ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ OnePlus 10 Pro ဖုန်းကလည်း 80W SuperVOOC Fast Charging ကို ထောက်ပံ့ပေးထားတာကြောင့် OnePlus 11 Global စျေးကွက်အတွက် Charging Speed ပိုင်းမှာ တိုးတက်မှုမရှိဘူးလို့တောင် ပြောနိုင်ပါတယ်။
Ref – GSM Arena