Google က Gmail Mobile App မှာ မတူညီတဲ့ ဘာသာစကားတွေနဲ့ ဆက်သွယ်ရာမှာ ပိုမိုလွယ်ကူစေဖို့ ဘာသာပြန်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အရင်က Web မှာပဲ ရခဲ့ပြီး အခုတော့ Android နဲ့ iOS မှာ ရသွားပါပြီ။

အသုံးပြုနည်း

Google ရဲ့ Gmail Translation လုပ်ဆောင်ချက်က အီးမေးတစ်စောင်မှ ဘာသာစကားကို အလိုအလျှောက် သိနားလည်ပါတယ်။ အဲဒီ ဘာသာစကားဟာ User ရဲ့ ဘာသာစကားနဲ့ မတူညီရင် အီးမေးထိပ်မှာ Banner တစ်ခု ပေါ်လာမှာ ဖြစ်ပြီး ဘာသာပြန်တဲ့ လုပ်ဆောင်ချက်ကို ပြသပေးမှာပါ။

adding-gmail-translation-to-mobile-devices-anim

ဥပမာ အနေနဲ့ အီးမေးမှာ ကိုရီးယားလို ရေးထားပြီး User ရဲ့ ဘာသာစကားက အင်္ဂလိပ်ဖြစ်တယ်ဆိုရင် Banner မှာ “Translate to English” ကို ပြသပေးမှာပါ။ User က အဲဒါကို နှိပ်လိုက်ရင် အင်္ဂလိပ် ဘာသာစကားကို ဘာသာပြန်ပေးမှာပါ။

Gmail for Android and iOS can now translate emails

အီးမေး ထိပ်မှာ ပေါ်နေတဲ့ Banner ကို ပိတ်နိုင်သလို အဲဒီ ဘာသာစကားကို နောက်ထပ် ဘာသာမပြန်ပေးဖို့လည်း သတ်မှတ်ထားနိုင်ပါတယ်။ User က Settings ထဲမှာ ဘာသာပြန်ချင်တဲ့ ဘာသာစကားတွေ၊ ဘာသာ မပြန်ချင်တဲ့ ဘာသာစကားတွေကို ရွေးချယ်နိုင်ပါတယ်။

Gmail App က Banner ကို မပြသခဲ့ရင် User က အီးမေး ညာဘက်ထိပ်က အစက်သုံးစက် Menu ကို နှိပ်ပြီး “Translate” ကို နှိပ်နိုင်ပါတယ်။ Gmail App မှာ ဘာသာစကား ၁၀၀ ကို ဘာသာပြန်ပေးနိုင်ပါတယ်။

Ref : gizmochina