တကယ်လို့ သင်ဟာ ဂစ်တာတီးခတ်တတ်တဲ့သူတစ်ယောက်ဆိုရင် စမတ်ဖုန်းက App တွေကို အသုံးပြုပြီး အသံချိန်ညှိနိုင်တာကိုတော့ သိပြီးဖြစ်မှာပါ။ ဒီလိုမျိုး အသံချိန်ညှိတဲ့ App တွေရှိနေတာကြောင့် ယခင်ထက် ပိုပြီးလွယ်ကူလာတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဂစ်တာကို အသံချိန်ညှိနိုင်ဖို့က ယခင်ထက်တောင် ပိုပြီး လွယ်ကူသွားပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Google ကနေ Google Search မှာ Guitar Tuner Feature ကို ထည့်သွင်းပေးလိုက်တာကြောင့်ဖြစ်ပါတယ်။

အခုလိုမျိုး Google ရဲ့ Guitar Tuner ကိုအသုံးပြုဖို့အတွက်ကတော့ Search မှာ Google Tuner လို့ ရိုက်ပြီး ရှာလိုက်ရုံနဲ့ ပေါ်လာမှာဖြစ်ပြီး Desktop အပြင် Mobile အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။ ပြီးရင်တော့ ဂစ်တာအသံချိန်ညှိဖို့ အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး Mic ကို ဖွင့်ပြီး အသံကို တီးခတ်ပြီး ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

Google ရဲ့ ယခု Guitar Tuner ကို အသုံးပြုနိုင်ဖို့အတွက်ကတော့ ကျိန်းသေလိုအပ်တာက Mic အလုပ်လုပ်တဲ့ Device တစ်ခုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Desktop ကွန်ပျူတာတွေထက် စမတ်ဖုန်းတွေက ပိုပြီးအဆင်ပြေစေမှာပါ။

ဘာပဲဖြစ်ဖြစ် ဂစ်တာတီးတတ်တဲ့သူတွေအတွက်ကတော့ Software သီးသန့်မလိုအပ်တော့တာကြောင့် အခု Feature က တကယ်ကိုအသုံးဝင်စေမှာဖြစ်ပါတယ်။

Ref – Engadget