Financial Times က Google ဟာ Search Generative Experience (SGE) အမည်ရ AI စွမ်းရည်သုံး ရှာဖွေမှုအတွက် အခကြေးငွေ ကောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ Google ဟာ ရှာဖွေမှု ထုတ်ကုန်အတွက် အခကြေးငွေ ကောက်ခံတာ ဒါ ပထမဆုံး အကြိမ်ဖြစ်လာမှာပါ။

Google wants to charge you for AI-powered search - GSMArena.com news

လက်ရှိမှာ ကုမ္ပဏီထဲမှာပဲ ဒီကိစ္စကို ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ အင်ဂျင်နီယာတွေဟာ အဲဒီ ဝန်ဆောင်မှုအတွက် နည်းပညာကို တီထွင်နေဆဲ ဖြစ်ပြီး အရာရှိတွေက နောက်ဆုံး ဆုံးဖြတ်ချက်ကို မချမှတ်ရသေးပါဘူး။ ကုမ္ပဏီဟာ အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်ပြီဆိုရင် Generative AI စွမ်းရည်သုံး အဆင့်မြင့် ရှာဖွေမှုအတွက် အခကြေးငွေ ကောက်ခံမှာပါ။

Google plans to charge for AI-powered search engine, FT reports

နောက်ထပ် ဖြစ်နိုင်ခြေက လက်ရှိ အခကြေးငွေ ကောက်ခံထားတဲ့ ဝန်ဆောင်မှုတွေမှာ AI ရှာဖွေမှု တချို့ကို ထည့်သွင်းပေးနိုင်တာ ဖြစ်ပြီး Google One AI Premium Plan ကနေ Gmail နဲ့ Docs မှာ Gemini ကို အသုံးပြုနိုင်နေပါပြီ။ ဘာပဲ ဖြစ်လာဖြစ်လာ သမားရိုးကျ Google Search ကိုတော့ အခမဲ့ ဆက်လက် အသုံးပြုနိုင်မှာပါ။ ထူးခြားတာက အခကြေးငွေ ကောက်ခံတဲ့ AI ရှာဖွေမှုမှာလည်း ကြော်ငြာတွေကို ပြသမှာပါ။

Google Search ဟာ ChatGPT ရဲ့ စိန်ခေါ်မှုကို ခံနေရတာ ၁၈ လကြာပြီ ဖြစ်ပါတယ်။ အဲဒီအတွက် Google ဟာ AI စွမ်းရည်သုံး ရှာဖွေမှုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Generative AI ဟာ ကုန်ကျစားရိတ်များပြားတဲ့အတွက် Google က အခကြေးငွေ ကောက်ခံကာ ဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Ref : gsmarena