Google ဟာ အခုအချိန်မှာ Chromecast နဲ့ Chromecast Ultra လိုမျိုး Streaming Devices တွေကို ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android TV Box လိုမျိုး ပစ္စည်းတွေကိုတော့ ကိုယ်တိုင်ရောင်းချခြင်းမရှိသေးဘဲ Third-party ကုမ္ပဏီတွေဆီကနေပဲ ဝယ်ယူနေရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Android TV Box တွေအနေနဲ့ High End ပိုင်းမှာ $149 ဝန်းကျင်နဲ့ ရောင်းချတဲ့ Nvidia Shield တွေရှိနေသလို Xiaomi ကနေ $60 ဝန်းကျင်တန် Mi Box S ဆိုပြီး ထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ Google ကနေ ကိုယ်ပိုင် Android TV Dongle အသစ်ကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ Google ရဲ့ Android TV Dongle ကိုတော့ “Sabrina” လို့ နာမည်ပေးထားပြီးတော့ Chromecast Ultra လိုမျိုး Device တွေနဲ့ မတူညီတာကတော့ Remote Control ပါ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲက အဆိုပါ Android TV Dongle ရဲ့ ဓါတ်ပုံတွေထွက်ရှိလာခဲ့ပြီး FCC Certification ပါ ရရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာ တရားဝင်မိတ်ဆက်တော့မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း စျေးနှုန်းအနေနဲ့ကတော့ ဘယ်လောက်ဖြစ်မလဲဆိုတာကိုတော့ အတိအကျမသိရသေးဘဲ $100 ဝန်းကျင်ခန့်ကျသင့်မယ်လို့ ခန့်မှန်းရပါတယ်။ Google အနေနဲ့ Nest Speaker အသစ်ကိုလည်း မိတ်ဆက်လာဖို့ရှိနေတဲ့အတွက် အဆိုပါ Nest Speaker နဲ့အတူ ယခု Android TV Dongle ကို မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Ref – The Verge