Google က Pixel 8 Series ရဲ့ ဈေးအချိုသာဆုံး Pixel 8a ကို ကြေညာလိုက်ပါတယ်။ ဒီဇိုင်း ဆန်းသစ်ထားပြီး ထောင့်စွန်းတွေက လုံးဝိုင်းလာပါတယ်။ အနောက်ဘက်မှာ ပလတ်စတစ်ကို သုံးထားပြီး အလူမီနီယမ် ဖရိမ် ပါပါတယ်။

Display ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ IP67 စံနှုန်း ပါလာပြီး Google က အမာကျောဆုံး A Series ဖုန်းလို့ ပြောပါတယ်။ Bay, Aloe, Porcelain နဲ့ Obsidian အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Google announces Pixel 8a, starts at $499

Pixel 8a မှာ 6.1” OLED 1080x2400p Display ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1,400 Nits Brightness အထိ ပြသနိုင်ပြီး HDR Content တွေ ကြည့်ရင် 2,000 Nits အထိ ရပါတယ်။

အနောက်ဘက်မှာ 64MP Main နဲ့ 13MP Ultrawide ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာ အားလုံးဟာ 4K 30fps Video ရိုက်ကူးနိုင်ပြီး အနောက်ကင်မရာက 4K 60fps အထိ ရပါတယ်။ Magic Editor, Best Take, Magic Eraser, Photo Unblur, Face Unblur, Real Tone, Top Shot, Live HDR+ နဲ့ Ultra HDR စတဲ့ Software Feature တွေ ပါပါတယ်။

Pixel 8a မှာ Google Tensor G3 Chipset နဲ့ Titan M2 Security Coprocessor ထည့်သွင်းထားပါတယ်။ 8GB LPDDR5x RAM နဲ့ 128GB or 256GB UFS 3.1 Storage ပါပါတယ်။ 4492mAh Battery တပ်ဆင်ထားပြီး Google က ၂၄ နာရီကျော် အသုံးခံတယ်လို့ ပြောပါတယ်။ 18W Wired Fast Charging နဲ့ Qi Wireless Charging ထောက်ပံ့ထားပါတယ်။

Android 14 မောင်းနှင်ထားပြီး OS , Security Update ၇  နှစ်တောင်ရမှာပါ။ Circle to Search, Pixel Call Assist, Audio Emoji နဲ့ Gemini စတဲ့ Google ရဲ့ အထူး Feature တွေ သုံးနိုင်ပါတယ်။

128GB မော်ဒယ်ကို ၄၉၉ ဒေါ်လာနဲ့ 256GB မော်ဒယ်ကို ၅၅၉ ဒေါ်လာ သတ်မှတ်ထားပြီး အမေရိကန်မှာ ဒီလ ၁၄ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena